ရန်ကုန်၊ ဒီဇင်ဘာ (၁၉)
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လူးမြို့မှာ စစ်ကောင်စီထောင်ထားတဲ့ မြေမြှုပ်မိုင်း (၃၀) ကို ရှင်းလင်းနိုင်ခဲ့တယ်လို့
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ကပြောပါတယ်။
မော်လူးမြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီးတော့ ဒေသခံပြည်သူတွေ ထိခိုက်မှုမဖြစ်အောင် မြေမြှုပ်မိုင်းတွေကို PDF ပူးပေါင်းတပ်ဖွဲ့တွေက ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။
ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးမြို့ကို KIA၊ PDF၊ KPDF၊ ABSDF နဲ့ ဒေသခံတပ်ဖွဲ့တွေဟာ ဒီဇင်ဘာ (၁၃) ရက် မနက်က သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။