Spread the love

ရန်ကုန်၊ ဒီဇင်ဘာ (၁၉)

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ကျီးကန်-မှတ်ခရာကျေးရွာမှာရှိတဲ့ စစ်ကောင်စီရဲ့ စီးပွားရေးလုပ်ငန်းတွေထဲက တစ်ခုဖြစ်တဲ့ Mytel တာဝါတိုင်ကို ဒီဇင်ဘာ (၁၈) ရက် နေ့လည်က မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ နွားထိုးကြီးPDF ကပြောပါတယ်။

မြင်းခြံခရိုင် ၊ ငါန်းဇွန်မြို့နယ်၊ အောင်ချမ်းသာကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း နှစ်ရက်ဆက်တိုက် ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ မနေ့က သူတို့ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အောင်ချမ်းသာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒီဇင်ဘာ (၁၄) ရက်နဲ့ (၁၅) ရက်နေ့တွေမှာ နှစ်ကြိမ် ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်​၊ သေဆုံး စာရင်းကိုတော့ စုံစမ်းနေဆဲ ဖြစ်တယ်လို့ သူတို့က ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *