Spread the love

ရန်ကုန်၊ ဒီဇင်ဘာ (၂၅)

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ရွာရဲစခန်းမှာ တိုက်ခိုက်မှုအတွင်း စစ်သားနဲ့ ရဲ (၁၈) ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့မှာ ပြောပါတယ်။

နောင်ကြီးအိုင်ရွာရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ (၃၂) ယောက်ကို အရာတော်မြို့နယ် မြို့နယ်(ပကဖ) တိုက်နယ် ၁/၂/၃/၄/၅/၆/၇/၈၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မုံရွာခရိုင် တပ်ရင်း ၆/၁၈/၁၉/၂၄/၂၆ တပ်ရင်းက ရဲဘော်တွေဟာ နိုဝင်ဘာ (၂) ရက်နေ့ကစတင်ကာ နေ့ ည မပျက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဒီဇင်ဘာလ (၂၃) ရက်နေ့က နောင်ကြီးအိုင်ရွာရဲစခန်းကို စွန့်ခွာထွက်ပြေးခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နောင်ကြီးအိုင်ရွာရဲစခန်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၀) ရက်က စတင်တပ်စွဲခဲ့ပြီး ကျေးရွာတွေကို မီးရှို့တာ၊ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ ပြည်သူလူထုရဲ့ ပစ္စည်းတွေကို သိမ်းဆည်းတာတွေ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *