Spread the love

နယူးယောက်၊ ဇန်နဝါရီ (၉)

အကြီးအကျယ် လိုငွေပြမှုနဲ့ ကြွေးမြီတွေကို သက်တောင့်သက်သာ ထွေးပိုက်ထားဖို့ မဖြစ်နိုင်လို့ အမေရိကန်ရဲ့ ၃၄ ထရီလီယံကြွေးမြီ ပြဿနာဟာ တိုင်းပြည်စီးပွားရေးဖို့ “ပွက်ပွက်ဆူနေတဲ့ အိုးထဲရောက်နေတဲ့ ဖားတစ်ကောင်” ဥပမာဖြစ်စဉ်တစ်ခုနဲ့ တူလာတယ်လို့ ဂျေပီမော်ဂန် (J.P. Morgan) က သတိပေးလိုက်ပါတယ်။

ပွက်ပွက်ဆူနေတဲ့ အိုးထဲက ဖားအခြေအနေဟာ အချိန်ကြာလာတာနဲ့အမျှ ပွက်ပွက်ဆူလာမယ့် ပြဿနာတစ်ခုအထိ ပေါ်ပေါက်လာနိုင်ပြီး အများပြည်သူ ထိခိုက်လာစေနိုင်စရာ ရှိတယ်လို့ Business Insider ဝက်ဘ်ဆိုက်က ထုတ်ဖော်ရေးသားခဲ့ပါတယ်။

ပွက်ပွက်ဆူနေတဲ့ ရေထဲ ပစ်ချခံထားရတဲ့ ဖားတစ်ကောင်ဟာ အချိန်မီ ခုန်ထွက်လာနိုင်ပြီး လွတ်မြောက်နိုင်ပေမဲ့ တကယ်လို့ ခုန်မထွက်နိုင်ရင် အပြုတ်ခံရပြီး အချိန်နှောင်းသွားနိုင်ပါတယ်။

အမေရိကန်ရဲ့ ကြွေးမြီအခြေအနေဟာ အလွယ်တကူ ချပြနိုင်တဲ့ ဂျေပီမော်ဂန် ဘဏ္ဍာရေးလုပ်ငန်းက ၂၀၂၄ ခုနှစ် အလားအလာအတွက် မီးမောင်းထိုးပြခဲ့ပါတယ်။

ဒါဟာ စီးပွားရေးပညာရှင်တွေ နှစ်ပေါင်းများစွာ စိတ်ပူခဲ့ရတဲ့ ပြဿနာတစ်ခုဖြစ်ပြီး အစိုးရက စံချိန်တင်ပမာဏနဲ့ ဆက်လက်ချေးယူနေတာကို အပြောင်းအလဲတစ်ခုခုလုပ်ဖို့ တောင်းဆိုသံတွေ ပိုမိုကျယ်လောင်လာခဲ့ပါတယ်။

နိုင်ငံ့ကြွေးမြီဟာ အခုလမှာ ဒေါ်လာ ၃၄ ထရီလီယံအထိ ရောက်ရှိလာခဲ့ရာ အဲ့ဒီပမာဏဟာ အမေရိကန်လွှတ်တော်အမတ်တွေ မနှစ်က အမေရိကန်ကြွေးမြီ မျက်နှာကြက်ကို ရုတ်သိမ်းခြင်းရဲ့ ရလဒ်ဖြစ်ပါတယ်။

အမေရိကန်ရဲ့ ရပိုင်ခွင့်အသုံးစရိတ်၊ မဖြစ်မနေအသုံးစရိတ်နဲ့ အသားတင်အတိုးပေးရတာတွေက ၂၀၃၀ ပြည့်နှစ် အစောပိုင်းကာလရောက်ရင် အစိုးရရဲ့ စုစုပေါင်းဝင်ငွေထက် ကျော်လွန်သွားလိမ့်မယ်လို့ ကွန်ဂရက်(လွှတ်တော်) ဘတ်ဂျက်ရုံးက ခန့်မှန်းထားပါတယ်။ အဲဒါကြောင့် လာမယ့်နှစ်တွေအတွင်းမှာ စုပုံလာမယ့် ကြွေးမြီဟာ အခြေအနေ ပိုဆိုးလာနိုင်ပါတယ်။

“ဒီကိစ္စက အမေရိကန်အတွက် ပြဿနာတစ်ခု အစပျိုးတာပဲ။ ဘဏ္ဍာရေးဆိုင်ရာ စေ့ဆော်မှုတိုင်းက အမေရိကန်ကို ကြွေးမြီ ရေရှည်တင်ရှိစေဖို့ ခြေတစ်လှမ်း ပိုနီးကပ်စေပါတယ်” လို့ ဂျေပီမော်ဂန်လုပ်ငန်း မဟာဗျူဟာပညာရှင် မိုက်ကယ်စီဘဲလက်စ် (Michael Cembalest) ကပြောပါတယ်။

“ဒါပေမဲ့ ရင်းနှီးမြှုပ်နှံသူတွေအတွက် အကန့်အသတ်ရှိတဲ့ အကျိုးဆက်တွေနဲ့ အမေရိကန်အစိုးရရဲ့ ဘဏ္ဍာငွေကို ယိုယွင်းပျက်စီးစေပြီး တစ်နေ့နေ့မှာ ပြောင်းလဲသွားနိုင်ပါတယ်။ ဘယ်လိုပြောင်းလဲမလဲဆိုရင် ရေဆူဆူထဲ ထည့်အပြုတ်ခံရတဲ့ ဖားဥပမာလိုပဲ” စီဘဲလက်စ်က ပြောကြားခဲ့ပါတယ်။

စျေးကွက်တွေနဲ့ အဆင့်အကဲဖြတ်သတ်မှတ်တဲ့ အေဂျင်စီတွေရဲ့ ဖိအားတွေဟာ အခွန်ကောက်ခြင်းနဲ့ ရပိုင်ခွင့်အစီအစဉ်တွေအတွက် အစိုးရအပေါ် ချမ်းသာကြွယ်ဝမှု ထုတ်ပေးတာလိုမျိုး အပြောင်းအလဲ ကြီးကြီးမားမားဖြစ်စေဖို့ တွန်းအားပေးမယ်လို့ စီဘဲလက်စ်က ခန့်မှန်းထားပါတယ်။

အမေရိကန်ဟာ အသုံးစရိတ်ကို လိုသလို ထုတ်သုံးနေတဲ့ အလေ့အထကနေ သိသိသာသာ ဆုတ်ခွာမယ့်သဘော မရှိပါဘူး။

ကွန်ဂရက်(လွှတ်တော်) ဟာ လာမယ့်ဘဏ္ဍာရေးနှစ်တွေရဲ့ ဘတ်ဂျက်ကို အတည်ပြုတာမရှိသေးဘဲ လပေါင်းအတန်အတော်ကြာ လွှတ်တော်ကိုယ်စားလှယ်တွေ တောက်လျှောက် ငြင်းခုံနေရတဲ့ ပြဿနာအဖြစ် ရှိနေတုန်း ဖြစ်ပါတယ်။

မူရင်းသတင်းလင့်စ်- https://www.businessinsider.com/us-debt-34-trillion-deficit-government-spending-economy-recession-jpmorgan-2024-1

Leave a Reply

Your email address will not be published. Required fields are marked *