ရန်ကုန်၊ ဖေဖော်ဝါရီ (၈)
ရှေ့တန်းတိုက်ပွဲမှာ ရဲဘော်ကိုပုကြီး သေဆုံးသွားပြီးဖြစ်တယ်လို့ ရွှေဘိုခရိုင်အမှတ်(၁၄) တပ်ရင်းက ပြောပါတယ်။
“စစ်အာဏာရှင်စနစ် ပပျောက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက်
ရွှေဘိုခရိုင်အမှတ်(၁၄) တပ်ရင်းတွင် တာဝန်ထမ်းဆောင်နေသော ရဲဘော်ကိုပုကြီး သည် နိုင်ငံနှင့်ပြည်သူ့အတွက် ရဲဝင့်စွာ တိုက်ပွဲဝင်ရင်း အသက်ပေးလှူသွားခဲ့ပါသည်။ သို့ဖြစ်ပါ၍ ၎င်းတို့၏ကျန်ရစ်သူ မိသားစုများနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။” လို့ မနေ့က ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။