ရန်ကုန်၊ ဖေဖော်ဝါရီ (၂၆)
ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ် အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲဖြစ်ခဲ့တဲ့နေရာကို ရှင်းလင်းချိန် စစ်ကောင်စီအလောင်း (၁၆) လောင်းတွေ့ရှိခဲ့ကာ အဲ့ဒီထဲမှာ ဗိုလ်မှူးအဆင့်ရှိသူနှစ်ယောက်နဲ့ ဗိုလ်ကြီးအဆင့်ရှိသူ (၃) ယောက်လည်း ပါဝင်တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ဒီနေ့ မနက်မှာ ပြောပါတယ်။
ဟိုပုံးမြို့နယ် အရှေ့ဘက်ခြမ်း တစ်နေရာမှာ မနေ့က စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ခဲ့ပြီးတော့ MA လက်နက်ငယ် (၁၅) လက်၊ ဒရုန်းပစ်လက်နက်တစ်လက်၊ ပစ္စတိုတစ်လက် နဲ့ လက်နက်ခဲယမ်းကျည်ဆံတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ မနေ့က ဆိုင်မြို့၊ မဲနယ်တောင်ဒေသနဲ့ လွယ်ဝိုးတုတ်ကျေးရွာဘက်ကိုလည်း လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။