Spread the love

ရန်ကုန်၊ ဖေဖော်ဝါရီ (၂၈)

ရခိုင်ပြည်နယ်၊ မင်းပြားမြို့၊ ကမ်းနီရွာအနီးက “အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း” (သို့မဟုတ်) “တပ်မတော်တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်း” ကို တိုက်ခိုက်သွားပိုက်နိုင်ပြီးတော့ စစ်ကောင်စီအလောင်းအများအပြားကို တွေ့ရှိခဲ့တယ်လို့ ရက္ခိုင့်တပ်တော် ကပြောပါတယ်။

“အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း” ကို ဖေဖော်ဝါရီလ (၁၇) ရက် မနက်မှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး (၂၆) ရက် ညပိုင်းက သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး သင်တန်းကျောင်းအတွင်း စစ်ကောင်စီ အလောင်းအများအပြားနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

“ဤထိုးစစ်အောင်ပွဲအတွင်း သတ္တိပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့ကြသောသူများ၊ အသက်စွန့်လွှတ်ခဲ့ရသောသူများ အားလုံးကို လေးနက်စွာ ဂုဏ်ပြုမှတ်တမ်းတင် အပ်ပါသည်။” လို့ တပ်ဖွဲ့ဝင်တွေနဲ့ ပတ်သက်ပြီး ရက္ခိုင့်တပ်တော် ကပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *