Spread the love

ရှမ်းပြည်၊ မတ် (၁၄)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်း ပျောက်ကြားဘောင်းဘီ ဝတ်ဆင်ထားသူတွေဆီက မူးယစ်ဆေးဝါးတွေဖမ်းဆီးရမိခဲ့တယ်လို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ကပြောပါတယ်။

TNLA ယူနီဖောင်းနဲ့ ဆင်တူတဲ့ ပျောက်ကြားဘောင်းဘီကို ဝတ်ဆင်ထားတဲ့ သူနဲ့အတူ တခြားအမျိုးသား (၃) ယောက်ကို ပြီးခဲ့တဲ့ (၁၀) ရက်နေ့က ကွတ်ခိုင်မြို့၊ ရပ်ကွက် (၅) က နေအိမ်တစ်ခုမှာ အဲ့ဒီအမျိုးသား(၄) ယောက်ကို မူးယစ်ဆေးဝါးတွေ၊ မူးယစ်ဆေးဝါးအသုံးဆောင်ပစ္စည်းတွေ၊ လက်နက်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးထားတဲ့ အမျိုးသား (၄) ယောက်ကို PSLF/TNLA မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *