Spread the love

ရန်ကုန်၊ မတ် (၁၉)

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရွှေတန့်တစ် ဘုရားလမ်းဆုံအနီးကို ဖြတ်သွားချိန် စစ်ကောင်စီတွေ ပါလာတဲ့ ကားနှစ်စီးကို မနေ့ နေ့လယ်က မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ ပခုက္ကူ – အထူးတပ်ဖွဲ့ ကပြောပါတယ်။

မိုင်းခွဲတိုက်ခိုက်ခဲ့လို့ ကားတစ်စီး ပျက်စီးသွားခဲ့သလို စစ်ကောင်စီတွေ အများအပြား ဒဏ်ရာရရှိခဲ့ပြီးတော့ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။

တိုက်ခိုက်တာကို ပခုက္ကူမြို့နယ် ပကဖ (တပ်ခွဲ-၁)၊ မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့(M.R.G)၊ ပခုက္ကူခရိုင်တပ်ရင်း(၁၃)၊ Bagan-Nyaung U Special Task Force တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *