Spread the love

ရန်ကုန်၊ ဇွန် (၂၆)

အခု ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံက ကလေးငယ် ၄ သိန်းကျော်က အထူးစိုးရိမ်ဖွယ်ရာ အာဟာရချို့တဲ့မှု ဒဏ်ကို ရင်ဆိုင်ရနိုင်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကပြောပါတယ်။

၂၀၂၄ ခုနှစ်၊ ဇွန်လကနေ သြဂုတ်လတွေမှာ လူဦးရေ ၁၃.၃ သန်းက ပြင်းထန်တဲ့ စားနပ်ရိက္ခာမလုံလောက်မှု (IPC အဆင့် ၃) နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အဲ့ဒီထဲက လူဦးရေ ၂.၇ သန်းသည် IPC အဆင့် (၄)မှာ ရှိနေမှာ ဖြစ်တယ်လို့ မနေ့က ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂစီးပွားရေး နဲ့ လူမှုရေးကောင်စီရဲ့ လူသားချင်းစာနာထောက်ထားမှုရေးရာ အစည်းအဝေးမှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် လက်ရှိအချိန်ထိ လူဦးရေ ၃.၁ သန်း က ပြည်တွင်းနေရပ် စွန့်ခွာထွက်ပြေးနေရပြီး လူဦးရေ ၁၈.၆ သန်း ဟာ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေကို ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး ဆီက သိရပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အရပ်သားပြည်သူ ၅,၃၀၀ ကျော်ကို သတ်ဖြတ်ခဲ့တယ်လို့ မနေ့က နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *