Spread the love

ရန်ကုန်၊ စက်တင်ဘာ (၁၄)

ပြည်ပနိုင်ငံတွေရဲ့ အကူအညီ ကယ်ဆယ်ရေးနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ အမြန်ဆုံးရရှိဖို့ အမြန်ဆုံးချိတ်ဆက် လုပ်ဆောင်ပေးမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကပြောပါတယ်။

“နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုဒဏ် ခံခဲ့သည့်ဒေသ များ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အင်ပြည့်အားပြည့်ဖြင့် အမြန်ဆုံး ဆက်လက် ဆောင်ရွက်သွားရန်လိုကြောင်း၊ ရေဘေးသင့် ပြည်သူများ၏ လက်ဝယ်သို့ ကူညီ ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများ အမြန်ဆုံးရောက်ရှိရေးအတွက်လည်း ဆောင်ရွက်သွားရန်လို” တယ်လို့ သူက မနေ့က ပြောကြားလိုက်ပါတယ်။

စစ်ကောင်စီက ရေဘေးသင့်သူ နှစ်သိန်းသုံးသောင်းကျော်ကို ရေဘေးကယ်ဆယ်ရေးစခန်း ၁၈၇ ခု ကို ပြောင်းရွှေ့ပေးထားတယ် မနေ့ညပိုင်းက ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ (၁၅) ရက်နေ့အထိ “မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြတ် ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝ ဘေးအန္တရာယ်များ ဖြစ်ပေါ်လာနိုင်သဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများ အနေဖြင့် မြေပြိုမှု အန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများ အနေဖြင့် ရေကြီးရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်း သွားလာရေးနှင့် လေကြောင်းပျံသန်းရေး အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန်” မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက အသိပေးနှိုးဆော်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *