Spread the love

ရန်ကုန်၊ စက်တင်ဘာ (၂၀)

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊ ၁၀၇ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ဦးကြည်ထွန်း နဲ့ ရာအိမ်မှူး ဦးဆွေမြင့်အောင် တို့ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ အုပ်ချုပ်ရေးမှူး ဦးကြည်ထွန်း နဲ့ ရာအိမ်မှူး ဦးဆွေမြင့်အောင် ဟာ နေရာမှာပဲ​သေဆုံးသွားခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အုပ်ချုပ်ရေးမှူး ဦးကြည်ထွန်း နဲ့ ရာအိမ်မှူး ဦးဆွေမြင့်အောင် တို့ဟာ ဒီနေ့မနက်ပိုင်းက ငုဝါမြိုင်လမ်းအတွင်းက ရပ်ကွက်ရုံး အရှေ့မှာ ပစ်ခတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *