Spread the love

မုံရွာ၊ စက်တင်ဘာ (၂၆)

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ သာစည်ကျေးရွာက အကျည်းထောင်နဲ့ ရဲကင်း ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က (၁၀) ယောက်ကျော် သေဆုံးခဲ့တယ်လို့ Snipe Rangers Force က ပြောပါတယ်။

သာစည်ကျေးရွာက အကျည်းထောင်နဲ့ ရဲကင်း ကို စက်တင်ဘာ (၂၃) ရက် နေ့လယ်က “၆၀ မမ ၊ ၈၀ မမ ၊ ၁၂၀ မမ တို့ကို စတင် အသုံးပြုပြီး Drone နှင့်ဗုံးကြဲခြင်း ၄၀ မမ နှင့် အနီးကပ် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့” တာ ဖြစ်တယ်လို့ သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို Snipe Rangers Force (Local – PDF)၊ PHOENIX ပြောက်ကျားတပ်ဖွဲ့၊ HERO BROTHER MON YWA L-PDF၊ BLACK DRAGON၊ မုံရွာ ခရိုင်တပ်ရင်း 27 တပ်ခွဲ 4၊ မုံရွာ ခရိုင်တပ်ရင်း 24 တပ်ရင်းဒုံးတပ်ဖွဲ့၊ ယင်းမာပင်ခရိုင်တပ်ရင်း 9 တပ်ခွဲ 4၊ ယင်းမာပင်ခရိုင်တပ်ရင်း 30 တပ်ခွဲ 4၊ ဒေါင်းပြောက်ကျားတပ်ဖွဲ့၊ Sun king Envoy L-PDF ၊ Special Revolution Force၊ တောကျွဲကြီး၊ ကမြင်းမနီ နယ်စည်းမခြား၊ BLACK HERO L-PDF၊ S.R.S L-PDF၊ MON YWA M4 L-PDF၊ BROTHER Revolution Force MON YWA၊ ပလဖ၊ ကျေးရွာကာကွယ်ရေးအဖွဲ့၊ ညောင်ဦးခရိုင် တပ်ရင်း ၁ နဲ့ တွေ့မရှောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *