Spread the love

ရန်ကုန်၊ စက်တင်ဘာ (၂၆)

စစ်ကောင်စီလက်အောက်ခံ ခလရ ၂၆၉ တပ်ရင်းက တပ်သား ဟိန်းထက်ကိုကို လက်နက်နဲ့အတူ PDF Zoland ဆီမှာ အလင်းဝင်ခဲ့တယ်လို့ သိရပါတယ်။

တပ်သား ဟိန်းထက်ကိုကို ဟာ AM2 စက်ကလေး ၂ နှစ်လက်၊ လက်ပစ်ဗုံး ၂ လုံး၊ ကျည်အိမ် ၈ ခု၊ ၅.၅၆ ကျည်၊ ငါးဂျင်းမီး ကျည်ခါပတ်နှစ်တွဲနဲ့အတူ စက်တင်ဘာ (၁၉) ရက်နေ့က လာရောက် ပူးပေါင်းခဲ့တာ ဖြစ်ပါတယ်။

လာရောက် အလင်းဝင်တဲ့ တပ်သား ဟိန်းထက်ကိုကို ကို PDF Zoland က ဆုတော်ငွေ ပေးအပ် ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *