Spread the love

ချင်း၊ စက်တင်ဘာ (၂၇)

စစ်ကောင်စီက အိမ်ထောင်စုစာရင်း ကောက်ယူခြင်းနဲ့ ပတ်သက်ပြီး အားပေး ကူညီတဲ့ မည်သူ့ကိုမဆို ပြတ်သားစွာ အရေးယူမယ်လို့ PDF Zoland ကပြောပါတယ်။

“အများပြည်သူ၏ အကျိုးအတွက် မဟုတ်ဘဲ မိမိတို့အာဏာ သက်ဆိုးရှည်ရေးအတွက် အဓမ္မကြိုးပမ်းခြင်းသာ ဖြစ်သည့်အတွက် Zogam အတွင်း အိမ်ထောင်စု စာရင်းကောက်ယူခြင်းကို အားပေး၊ ကူညီသည့် မည်သူ့ကိုမဆို ပြတ်သားစွာ အရေးယူမည်ဖြစ်ကြောင်း” မနေ့ ညက ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီက ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့က စတင်ကာ အိမ်ထောင်စုစာရင်းတွေ ကောက်ယူမယ်လို့ ထုတ်ပြန်ခဲ့ပြီး အဲ့ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ ZFU/PDF Zoland က လုံးဝ ကန့်ကွက်တယ်လို့လည်း ပြောဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *