Spread the love

ရန်ကုန်၊ အောက်တိုဘာ (၁)

မြန်မာပြည်တွေအပါ် တရားမဝင် အာဏာသိမ်း စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဖိနှိပ်မှုတွေ ရပ်တန့်စေနိုင်ဖို့ စစ်ကောင်စီ ဆီကို လေယာဉ်လောင်စာဆီအပါအဝင် လက်နက်၊ ခဲယမ်းနဲ့ စစ်လက်နက်သုံး ဆက်စပ်ပစ္စည်းများ ရောင်းချ၊ လွဲပြောင်းတာတွေ မပြုလုပ်ဖို့ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေအားလုံးကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကမေတ္တာရပ်ခံ​ တောင်းဆိုခဲ့ပါတယ်။

“နျူကလီးယားလက်နက်နှင့် အစုလိုက်အပြုံလိုက် သေကြေပျက်စီးစေနိုင်သော လက်နက်များသည် ခွဲခြားမှုမရှိ အတိုင်းအတာမဲ့ ဖျက်ဆီးနိုင်စွမ်းရှိရာ ကမ္ဘာကြီးအတွက် အလွန်အန္တရာယ်ကြီးမားကြောင်း၊ မြန်မာပြည်သူများသည် ၂၀၂၁ ခုနှစ် တရားမဝင် စစ်တပ်၏ အာဏာသိမ်းယူမှုခံရပြီးနောက် ၎င်းတို့၏ လက်နက်ကြီးများ အသုံးပြုတိုက်ခိုက်ခြင်း၊ လေကြောင်းသုံးတိုက်ခိုက်ခြင်းတို့ကို ခံစားနေခဲ့ကြရာ ယင်းလက်နက်များ၏ ဖျက်ဆီးစွမ်းအားကို ကောင်းစွာ သိရှိနားလည်ကြောင်း” သူက ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ နျူကလီးယားလက်နက်အလုံးစုံ ဖျက်သိမ်းရေးဆိုင်ရာ ကတိကဝတ်တွေကို အပြည့်အဝ လိုက်နာမည်ဖြစ်သည်ကို ထပ်လောင်းအတည်ပြုသလို မြန်မာနိုင်ငံရဲ့ ရွေးကောက်ခံအရပ်သားအစိုးရလက်ထက်က နျူကလီးယား လက်နက်တားဆီးပိတ်ပင်ရေး ဆိုင်ရာစာချုပ် (TPNW) ကို လက်မှတ်ရေးထိုးခဲ့ပြီး၊ နျူကလီးယားလက်နက်စမ်းသပ်မှု ပိတ်ပင်ရေးဆိုင်ရာစာချုပ် (CTBT) အတည်ပြု လက်မှတ်ရေးထိုးခဲ့တယ်လို့ သူက အပြည်ပြည်ဆိုင်ရာ နျူးကလီးယားလက်နက် အလုံးစုံ ဖျက်သိမ်းရေးနေ့ ဖြစ်တဲ့ ပြီးခဲ့တဲ့ စက်တင်ဘာ (၂၆) ရက်နေ့မှာ သူက ထပ်လောင်း ကတိပေးခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *