Spread the love

ရန်ကုန်၊ အောက်တိုဘာ (၁၂)

တရားမဝင်စစ်အာဏာသိမ်းပြီးနောက် ယိုယွင်းလာတဲ့ စီးပွားရေးအခြေအနေ၊ ငွေကြေးဖောင်းပွမှု၊ စားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်လာမှု၊ နေရပ်စွန့်ခွာမှုနဲ့ အိုးမဲ့အိမ်မဲ့ဖြစ်မှု တိုးပွားလာတာတွေကြောင့် မြန်မာပြည်သူတွေကို ဘဝဖွံ့ဖြိုးတိုးတက်မှုထက် နေ့စဉ်အသက်ရှင်သန်မှုအပေါ်သာ အာရုံစိုက်နေကြရတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကပြောပါတယ်။

တရားဥပဒေ စိုးမိုးမှုလုံးဝမရှိတာနဲ့ အကျင့်ပျက်ခြစားမှုတွေ များပြားနေခြင်းတဲ့ နိုင်ငံဖြတ်ကျော်ရာဇ၀တ်မှုတွေ၊ online လိမ်လည်မှု၊ လူကုန်ကူးမှုနဲ့ တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေ အပါအဝင် တရားမဝင် စီးပွားရေး အများအပြားအပေါ် ထပ်လောင်း အကျိုးသက်ရောက်ပြီး အခြေအနေ ပိုမို ဆိုးရွားစေတယ်လို့ မနေ့က ပြုလုပ်ခဲ့တဲ့ (၇၉) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ သူကပြောကြားခဲ့ပါတယ်။

“တရားမ၀င် စစ်အာဏာသိမ်းမှုနှင့် စစ်တပ်၏ စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် ရက်စက်ကြမ်းကြုတ်မှုများကြောင့် ဖြစ်ပေါ်လာသည့် လက်ရှိအခြေအနေသည် လွတ်လပ်၍ တရားမျှတပြီး အားလုံးပါဝင်သော ရွေးကောက်ပွဲကို ကျင်းပရန် သင့်လျော်သည့် အခြေအနေမဟုတ်၊ အတုအယောင် ရွေးကောက်ပွဲ ကျင်းပရန် အကြမ်းဖက်စစ်တပ်၏ ကြိုးပမ်းမှုမှန်သမျှကို မြန်မာပြည်သူများက ပြတ်ပြတ်သားသား ကန့်ကွက်၊ နိုင်ငံတကာအသိုက်အဝန်းကလည်း အလားတူ လုပ်ဆောင်သင့်” တယ်လို့ သူကထောက်ပြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *