Spread the love

ရန်ကုန်၊ အောက်တိုဘာ (၁၃)

မြန်မာနိုင်ငံမှာ စစ်ကောင်စီ ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေ၊ ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက ကြောက်မက်ဖွယ်ရာ အဆင့်ကို ရောက်နေပြီလို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကပြောပါတယ်။

စစ်ကောင်စီက “လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် ပျက်ကွက်သည့်အခါတွင် ထိခိုက် နစ်နာသူများအပေါ်၌သာ ပျက်ကွက်ခြင်းမဟုတ်ဘဲ ကျွန်ုပ်တို့၏ ကိုယ်ပိုင်လူသားဆန်မှုကိုပါ ပျက်စီးစေ” တယ်လို့ အောက်တိုဘာ (၁၀) ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ (ဥပဒေရေးရာ) ဆွေးနွေးပွဲမှာ သူကထောက်ပြခဲ့ပါတယ်။

စစ်ကောင်စီက အကျဉ်းထောင်အတွင်း ကျူးလွန်နေတဲ့အကြမ်းဖက်မှုတွေက ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *