Spread the love

ပဲခူး၊ အောက်တိုဘာ (၂၁)

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့မှာရှိတဲ့ စစ်ကောင်စီလေတပ်စခန်းကို မနေ့ညက တိုက်ခိုက်ခဲ့လို့ လေတပ်အရာရှိတစ်ယောက် အပါအဝင် (၄) ယောက်သေဆုံးခဲ့တယ်လို့ တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ Brave Warriors for Myanmar-BWM ဒီနေ့ မနက်မှာ ပြောပါတယ်။

တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် လေတပ်အရာရှိ (၂) ယောက်နဲ့ တခြားစစ်ကောင်စီ (၆) ယောက်လည်း ဒဏ်ရာရရှိခဲ့ပါတယ်။

“ပစ်ခတ်လိုက်သော ရှော့ဒုံး ၂ လုံးထဲမှ တစ်လုံးမှာ မော်တော်ယာဥ်ဂိုဒေါင်ပေါ်သို့ကျပြီး နောက်တစ်လုံးမှာ လေယာဥ်သိုလှောင်ရုံပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ရဟက်ယဥ်ဒလက်နှင့် မှန်ကွဲပြီး နောက်အမြီးပိုင်းမှာ သုံးမရတော့လောက်အောင် ပျက်စီးခဲ့ကြောင်း” ဒီနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီလေတပ်စခန်း တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM)၊ NSA31 မြို့ပြပြောက်ကျားအဖွဲ့နဲ့ စစ်တောင်းမြစ်ဝှမ်း ရေတာရှည်ပူးပေါင်းစစ်ဆင်ရေးအဖွဲ့တွေက ပူးပေါင်း လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *