Spread the love

ပဲခူး၊ အောက်တိုဘာ (၂၂)

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ရှမ်းကိုင်းကျေးရွာ၊ ရေတံခါးဂိတ်မှာ ကိတ်ချ ကင်းစောင့်နေတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတွေကို မနေ့က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ စစ်ကောင်စီ (၂) ယောက်နဲ့ ပျူစောထီး (၃) ယောက် သေဆုံးခဲ့တယ်လို့ ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့မှာ ပြောပါတယ်။

“KNLA ဦးဆောင်၍ ဝေါမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ သွားရောက်တိုက်ခိုက်စခန်းသိမ်းခဲ့ပါတယ်။ စခန်းဦးစီးအရာရှိမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့” တယ်လို့ ဒီနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ခိုက်မှုကြောင့် ပျူစောထီး (၂) ယောက် ဒဏ်ရာရခဲ့ပြီး ပစ္စတို (၁) လက်၊ ဂျီ-3 (၄) လက်၊ အူဂျီ (၁) လက် သိမ်းဆည်းရမိခဲ့ပါတယ်။

အဲ့ဒီစစ်ကောင်စီ “ဂိတ်မှာ မှောင်ခိုလမ်းကြောင်းများကို ဆပ်ကြေးတောင်း၊ ပြည်သူကို ဒုက္ခပေးနေကြောင်း တိုင်ကြားလာ၍ ဝင်ရောက်ရှင်းလင်း” ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *