Spread the love

ရန်ကုန်၊ဇန်နဝါရီ(၁၀)

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အရေးပေါ်အခြေအနေ ကြေညာချက်ထုတ်ပြန်ပြီး စတုတ္ထမြောက် (၁) လအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်က သေဆုံး (၂၃၇၇) ဦး နဲ့ ထိခိုက်ဒဏ်ရာရရှိသူ (၆၀၅) ဦး ရှိခဲ့တယ်လို့ သိရပါတယ်။

ယာယီသမ္မတ ဒူဝါလရှီလ က ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် စက်တင်ဘာလ (၇) ရက်နေ့မှာ မြန်မာနိုင်ငံအတွင်း အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာခဲ့တာပါ။

အဲ့ဒီအခြေအနေဟာ တစ်နိုင်ငံလုံးသက်ရောက်မှာဖြစ်ပြီး ပြည်သူ့အုပ်ချုပ်ရေးအာဏာ ပြန်လည် ထူထောင်နိုင်တဲ့ အချိန်အထိ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

စစ်အုပ်စုက ပြည်သူလူထုအပေါ် တရားမဲ့ပြုကျင့်နေတာနေတွေနဲ့ အကြမ်းဖက် တိုက်ခိုက်နေတာတွေအတွက် ပြည်သူလူထုက (Peoples Defensive War) ပြည်သူ့ခုခံစစ် ပြန်လည်ဆင်နွှဲတိုက်ခိုက်နေပြီး အခုဖေါ်ပြတဲ့ စာရင်းတွေထက် မြေပြင်အခြေအနေမှာ ပိုပြီးများပြားနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ က ခုခံတွန်းလှန် စစ်စတင်ပြီဖြစ်တယ်လို့ ကြေညာတဲ့ စက်တင်ဘာ (၇) ရက်နေ့က စတင်ကာ ပြည်သူ့ရင်ခွင် ခိုလှုံလိုဖို့ ဆက်သွယ်လာတဲ့ တပ်သား နဲ့ ရဲ တွေနေ့စဉ် များပြားနေပြီး ၂၀၂၁ခုနှစ် အောက်တိုဘာ (၇) ရက်ကနေ စက်တင်ဘာ (၇) ရက်နေ့အထိ တစ်လအတွင်း ရဲ နဲ့ စစ်သား စုစုပေါင်း (၇၆၃) ဦး အထိရှိခဲ့ပါတယ်။

တပ်တွင်း CDM တပ်မတော်သား နဲ့ ရဲတပ်ဖွဲ့ဝင် တွေကို Pre-CDM ကုဒ်တွေ ထုတ်ပေးနေပြီး အကြောင်းကြောင်းကြောင့် စစ်တပ် နဲ့ ရဲတပ်ဖွဲ့က ထွက်ခွာဖို့ ခက်ခဲနေသူတွေကိုလည်း ပြည်သူ့ရင်ခွင် – People’s Embrace နဲ့ အမြန်ဆုံးဆက်သွယ်ဆောင်ရွက်ကြဖို့ People’s Embrace က နှိုးဆော်ထားပါတယ်။