Spread the love

ရန်ကုန်၊ ဇန်နဝါရီ (၁၃)

ကရင်ပြည်နယ်၊ မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ဝေါ်မူကျေးရွာအုပ်စု၊ ရွှေညောင်ပင်ကျေးရွာ ကို ဒီနေ့ မနက်အစောပိုင်းက စစ်ကောင်စီတပ် တွေ လေယာဉ် (၂) စင်း နဲ့ ထပ်မံလာရောက် ဗုံးကြဲလို့ ပြည်သူတစ်ဦး သေဆုံးသွားခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က အတည်ပြုပြောကြားခဲ့ပါတယ်။

ဗုံးကြဲတိုက်ခိုက် ခံရလို့ ပြည်သူ (၃) ဦး ထည်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဆောက်အဦး (၅) လုံးလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ကရင်ပြည်နယ် မှာ စစ်ကောင်စီတပ် တွေ နဲ့ တိုင်းရင်းသားကာကွယ်ရေး တပ်တွေ၊ ဒေသခံကာကွယ်ရေးတပ် တွေကြား မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။