Spread the love

ရန်ကုန်၊ ဇန်နဝါရီ (၁၃)

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားတောင်မြို့ မှာ ဆက်ကြေးလိုက်တောင်းနေတဲ့ အကြမ်းဖက်စစ်တပ် လက်အောက်ခံ နယ်ထိန်းရဲ တစ်ဦး ကို သုတ်သင်ရှင်းခဲ့တယ်လို့ PYP-MDY က ပြောပါတယ်။

နယ်ထိန်းရဲ သန်းတိုးအောင် ကို ဇန်နဝါရီ (၁၂) ရက် နေ့လည် (၁၂) နာရီကျော် က သုတ်သင်ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ Poisonous Young People – MDY အဖွဲ့ ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သန်းတိုးအောင် ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ အတွင်းက ဆားတောင်မြို့ အနီးမှာရှိတဲ့ PDF ယာယီစခန်း ကို အကြမ်းဖက်စစ်အုပ်စု နဲ့အတူ လူနာတင်ကား အသုံးပြုပြီး စီးနင်းဝင်ရောက် ဖမ်းဆီးခဲ့တဲ့ သူတွေထဲမှာ တစ်ဦးအပါအဝင် ဖြစ်ပါတယ်။

နောက်နောင်တွေမှာလည်း အများပြည်သူတွေဆီက ဆက်ကြေးကောက် တောင်းစားနေတဲ့ အကြမ်းဖက် အာဏာရူးစစ်ကောင်စီ ရဲ့ လက်ပါးစေတွေကို ဆက်လက်ရှင်းလင်း သုတ်သင်သွားမယ်လို့ PYP – MDY က ပြောပါတယ်။