Spread the love

ရန်ကုန်၊ ဇန်နဝါရီ (၁၈)

တောင်ပစိဖိတ်သမုဒ္ဒရာ ထဲက ကျွန်းနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ တွန်ဂါနိုင်ငံ မှာ မီးတောင်ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ခဲ့ပြီး ဆူနာမီလှိုင်း ရိုက်ခတ်ခဲ့တယ်လို့ ကုလသမဂ္ဂ က ဒီနေ့မှာ ပြောကြားလိုက်ပါတယ်။

တွန်ဂါ အစွန်အဖျား မှာရှိတဲ့ ကျွန်းငယ်တွေဟာ ပျက်စီးဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့နေရပြီး
ကျွန်းကို ရိုက်ခတ်ခဲ့တဲ့ ဆူနာမီလှိုင်း လုံးကြီးတွေဟာ ၅-၁၀ မီတာ (၁၅-၃၀ ပေ) ရှိတယ်လို့ တွန်ဂါ ရေတပ် က ပြောကြားခဲ့ပါတယ်။

ဆူနာမီ ဖြစ်ခဲ့လို့ ဆက်သွယ်ရေး ပြတ်တောက်မှုတွေနဲ့ ကြုံတွေ့နေရပြီး ပြာမှုန်တွေ ဖုံးလွမ်းသွားတဲ့ တွန်ဂို နိုင်ငံတကာ လေဆိပ်မှာ ပြာမှုန့်တွေ ထူထပ်စွာ ဖုံးလွမ်းနေလို့ နိုင်ငံတကာကယ်ဆယ်ရေး လုပ်ငန်းတွေ နှောင့်နှေးခဲ့ရပါတယ်။

အဆောက်အဦးတွေ ပြိုကျပျက်စီးပြီး သေဆုံးသူ နှစ်ဦးရှိခဲ့တယ်ဆိုတာကို အတည်ပြုနိုင်ပေမယ့် တောင်ပစိဖိတ်ကျွန်းနိုင်ငံ ရဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေ ပြတ်တောက်သွားတဲ့အတွက် အသေအပျောက် အရေအတွက် အတိအကျကို ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ တွန်ဂါ ရဲတပ်ဖွဲ့ က ပြောကြားခဲ့ပါတယ်။

အခုအချိန်အထိ အကူအညီ အထောက်အပံ့တွေပေးပို့ဖို့ သြစတြေးလျနိုင်ငံ၊ နယူးဇီလန်နိုင်ငံ တွေက အသင့်အနေအထားမှာ ရှိနေပါတယ်။

တွန်ဂါနိုင်ငံ ဟာ ကျွန်းပေါင်း (၁၇၆) ကျွန်းရှိတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး (၃၆) ကျွန်း မှာ လူဦးရေ (၁၀၄,၄၉၄) ဦး နေထိုင်နေတာ ဖြစ်ပါတယ်။