Spread the love

ရန်ကုန်၊ ဖေဖော်ဝါရီ (၁)

ပြည်ထောင်စုနေ့အကြို တပ်မတော်ထောက်ခံပွဲ ကို နေပြည်တော် မှာ ပြုလုပ်နေတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ တပ်ကုန်းမြို့နယ် တွေ ဒီနေ့ မနက် (၁၀) နာရီက စတင်ပြီး ပြည်ထောင်စုနေ့အကြို တပ်မတော်ထောက်ခံပွဲကို ဒေသခံပြည်သူတချို့နဲ့ တပ်မတော်ချစ်သူတချို့က ပူးပေါင်းပြုလုပ်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ စစ်တပ်က အာဏာသိမ်းတာ (၁) နှစ်ပြည့်တဲ့နေ့ဖြစ်တဲ့အတွက် စစ်အာဏာသိမ်းတာကို လက်မခံတဲ့ပြည်သူတွေဟာ နေရာအနှံ့အပြားမှာ ပုံစံမျိုးစုံနဲ့ စစ်တပ်က အာဏာသိမ်းတာကို အလိုမရှိကြောင်း ဆန္ဒပြနေကြပါတယ်။