ရန်ကုန်၊ ဖေဖော်ဝါရီ (၂၆) ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ် အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲဖြစ်ခဲ့တဲ့နေရာကို ရှင်းလင်းချိန် စစ်ကောင်စီအလောင်း (၁၆) လောင်းတွေ့ရှိခဲ့ကာ အဲ့ဒီထဲမှာ ဗိုလ်မှူးအဆင့်ရှိသူနှစ်ယောက်နဲ့ ဗိုလ်ကြီးအဆင့်ရှိသူ (၃) ယောက်လည်း ပါဝင်တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ဒီနေ့ မနက်မှာ ပြောပါတယ်။

read more

ရန်ကုန်၊ ဖေဖော်ဝါရီ (၂၅) ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်၊ လွယ်ဝိုးတုတ်ကျေးရွာကို စစ်ကောင်စီက တိုက်ပွဲမဖြစ်ဘဲ လေယာဉ်နဲ့ ဗုံးကြဲခဲ့လို့ နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ရတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က ဒီနေ့မှာ ပြောပါတယ်။

read more

စစ်ကောင်စီက လိုက်လံဖမ်းဆီးလို့ တိမ်းရှောင်နေထိုင်ခဲ့ရတဲ့ ကာလအတွင်း သင်္ကန်းအရေခြုံထားတဲ့ ဘုန်းကြီးရဲ့ အဓမ္မပြုကျင့်တာနဲ့ PDF တပ်ဖွဲ့ဝင်တွေရဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တာတွေကို ခံခဲ့ရပေမယ့် တော်လှန်ရေးမှာ ဆက်လက်ပါဝင်နေတဲ့ PDF တပ်ဖွဲ့ဝင်ဟောင်း ဒီမွန်းသက္ကရာဇ် က C8News မီဒီယာရဲ့ သီးသန့်အင်တာဗျူးမှာ သူတွေကြုံခဲ့ရတဲ့ အခြေအနေတွေကို ပြောပြထားတယ်။

read more

ရန်ကုန်၊ ဖေဖော်ဝါရီ (၂၄) ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်၊ လွယ်ဝိုးတုတ်ကျေးရွာအနီးက စစ်ကောင်စီရဲ့တပ်စခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က ဒီနေ့မှာ ပြောပါတယ်။

read more

ရန်ကုန်၊ ဖေဖော်ဝါရီ (၂၃) စစ်ရေးရည်မှန်းချက်တွေကို အကောင်အထည်ဖော်ရင်း စစ်ဆင်ရေးကို တစ်ဆင့်ချင်း တစ်ဆင့်ချင်း စစ်ကောင်စီရဲ့ တုံ့ပြန်မှုနဲ့ ခုခံမှုပေါ်မူတည်ပြီး မြှင့်တင်သွားမှာ ဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် AA ကပြောပါတယ်။

read more

ရန်ကုန်၊ ဖေဖော်ဝါရီ (၂၃) လာမယ့် ၂၀၂၅ မှာ လူထုဆန္ဒအခြေခံတဲ့ လူထုအုပ်ချုပ်ရေး ပေါက်ပေါက်လာဖို့ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ PSLF/TNLA ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး ကပြောပါတယ်။

read more

ရန်ကုန်၊ ဖေဖော်ဝါရီ (၁၄) မကွေးတိုင်းဒေသကြီး၊ မြိုင်​မြို့နယ်၊ သရက်ကန်ပျုရွာမှာ ကင်းပတ်နေတဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်တွေကို မနေ့က တိုက်ခိုက်ခဲ့လို့ ပျူစောထီး နှစ်ယောက်နေရာမှာ သေဆုံးခဲ့ပြီး (၅) ယောက်ကို အရှင်ဖမ်းမိထားတယ်လို့ တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ Young Force – UG ကပြောပါတယ်။

read more

ရန်ကုန်၊ ဖေဖော်ဝါရီ (၁၃) ရက္ခိုင်ပြည်နယ်၊ ကျောက်တော်မြို့အတွင်းက စစ်ကောင်စီရဲ့ တပ်မဌာနချုပ်၊ တပ်ရင်းစခန်းတွေ၊ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးတွေကို သိမ်းပိုက်နိုင်ပြီ ဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် AA က ဒီနေ့မှာ ဓာတ်ပုံတွေနဲ့အတူ ပြည်သူတွေကို အသိပေးလိုက်ပါတယ်။

read more

ရန်ကုန်၊ ဖေဖော်ဝါရီ (၁၃) စစ်ကောင်စီတပ်တွေ ထွက်ပြေးချိန်မှာ ကျန်ရှိခဲ့တဲ့ လက်နက်၊ ခဲယမ်းတွေကို မည်သူမဆို လာရောက်အပ်နှံပါက ဆုကြေးငွေ ချက်ချင်းပေးမယ်လို့ ရက္ခိုင့်တပ်တော် AA က ဒီနေ့မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

read more

ရန်ကုန်၊ ဖေဖော်ဝါရီ (၁၂) ရခိုင်ပြည်နယ်၊ မြောက်ဦးအခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခမရ (၃၇၇) နဲ့ ခမရ (၃၇၈) တပ်တွေဆီက သိမ်းဆည်းရမိခဲ့တဲ့ လက်နက်တွေနဲ့ ခဲယမ်းတွေကို ရက္ခိုင့်တပ်တော် AA က ဒီနေ့မှာ အသိပေး ထုတ်ပြန်လိုက်ပါတယ်။

read more