ရန်ကုန်၊ ဇွန် (၈) အာဏာသိမ်း စစ်ကောင်စီဟာ “ဖြတ် (၄) ဖြတ်” မူဝါဒကို အသုံးပြုနေတာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ပြောပါတယ်။

read more

ရန်ကုန်၊ ဇွန် (၈) စစ်ကောင်စီလက်အောက်ခံ ခမရ ၃၆၃၊ ခမရ ၃၆၉ တပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း (၂) ရက်ကြာ ဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သေဆုံးသူနှစ်ဦးထက် မနည်းရှိခဲ့သလို ဒဏ်ရာရရှိသူလည်း ဒါဇင်ကျော် ရှိခဲ့တယ်လို့ ကောလင်းခရိုင်တပ်ရင်း ၁ က ပြောပါတယ်။

read more

ရန်ကုန်၊ ဇွန် (၇) ပြည်သူတွေကို တန်းတူညီတူဆက်ဆံဖို့ လိုအပ်သလို အသွင်သစ်ဆက်ဆံရေးနဲ့ စည်းရုံးသွားမယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရှမ်းပြည်နယ်(တောင်ပိုင်း) ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း က ပြောပါတယ်။

read more

ရန်ကုန်၊ ဇွန် (၇) စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်က ပုလဲမြို့မရဲစခန်းကို (၃) ရက်ဆက်တိုက် တိုက်ခိုက်ခဲ့တယ်လို့ မဟာမိတ်တပ်ဖွဲ့တွေဆီက သိရပါတယ်။

read more

ရန်ကုန်၊ဇွန်(၇) အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းစစ်ဒေသခွဲဌာနချုပ်၊ ရန်ကုန် PDF တပ်ရင်း ၅၁၀၁ တပ်ဖွဲ့ရဲ့ စုဖွဲ့လေ့ကျင့်မှု ပြုလုပ်ခဲ့တဲ့ မြင်ကွင်း ဓါတ်ပုံတွေ ဖြစ်ပါတယ်။

read more

ရန်ကုန်၊ ဇွန် (၆) ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ (၁၂) ရပ်ကွက်၊ ကျန်စစ်သားလမ်းမှာရှိတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ရုံးရှေ့မှာ မနေ့ ည (၇) နာရီကျော်က ပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ ဒေသခံ ပြည်သူတွေဆီက ပြောပါတယ်။

read more

ရန်ကုန်၊ ဇွန် (၅) စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ် ၊ ကြောင်လည်ကျေးရွာအနီးမှာ စစ်ကောင်စီနဲ့ ဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း ရဲဘော် စိုးမိုးနိုင် သေဆုံးခဲ့တယ်လို့ Danger Force LPDF က ဒီနေ့မှာ ပြောပါတယ်။

read more

ရန်ကုန်၊ ဇွန် (၅) အောင်ဇော်ထွန်း နဲ့ ရဲမွန် ကို ပြည်သူတွေအနေနဲ့ တွေ့ရှိပါက ဆက်သွယ်ပေးဖို့နဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ တွေ့ရှိခဲ့ပါက ဖမ်းဆီး ထိန်းသိမ်းထားပေးဖို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေတ္တာရပ်ခံ တောင်းဆိုခဲ့ပါတယ်။

read more

ရန်ကုန်၊ ဇွန် (၄) မြန်မာနိုင်ငံက သတင်းသမားတွေကို ခြိမ်းခြောက်၊ နှောင့်ယှက်တာနဲ့ တိုက်ခိုက်တာတွေကို အပြည့်အဝ တားဆီး ကာကွယ်နိုင်ဖို့အတွက် လွတ်လပ်သော မြန်မာသတင်းစာဆရာများ အစည်းအရုံး (IMJA) ကို ဖွဲ့စည်းလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

read more

ရန်ကုန်၊ ဇွန် (၄) စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေး (လဝက) ရုံးအနီးက စစ်ကောင်စီအဖွဲ့ကို ဒီနေ့ မနက်က ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ ချောင်းဦးမြို့နယ်အခြေပြု တပ်ရင်း ၈ က ပြောပါတယ်။

read more