ရန်ကုန်၊မေ(၁၆) မန္တလေးတိုင်းဒေသကြီး၊ ပလိပ်မြို့၊ ဈေးကွက်သစ်ရပ်ကွက်၊ EPC ရုံးရှေ့မှာ ဆေးခန်းဖွင့်လှစ်ထားတဲ့ ဒေါက်တာတင်ချိုချိုကို ကို မနေ့(မေ၁၅)ရက် ညနေပိုင်းမှာ အမည်မသိ သေနတ်ကိုင်ဆောင်ထားသူတွေက သေနတ်နဲ့ လာရောက် ပစ်ခတ်ခဲ့လို့ နေရာမှာပဲ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

read more

ရန်ကုန်၊မေ(၁၆) ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဆိုင်ကလုန်းမုန်တိုင်း မိုခါ ဝင်ရောက်ခဲ့ပြီးနောက် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေချိန် အုတ်နံရံ ပြိုကျခဲ့တာကြောင့် အရာရှိတစ်ယောက်နဲ့ စစ်သားနှစ်ယောက်သေဆုံးခဲ့တယ်လို့ စစ်ကောင်စီက နိုင်ငံပိုင်သတင်းစာကနေ ထုတ်ပြန်ထားပါတယ်။

read more

ရန်ကုန်၊ မေ (၁၆) ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင်ရပ်ကွက်၊ ဗဟိုလမ်းနဲ့ ဗားကရာလမ်းထောင့်မှာရှိတဲ့ ယာဉ်ထိန်းရဲရုံးအနီးက New Day ဆီဆိုင်ရှေ့မှာ မပေါက်ကွဲသေးတဲ့ ဗုံးတချို့ တွေ့ရှိခဲ့တယ်လို့ ဒေသခံပြည်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

read more

ရန်ကုန်၊မေ(၁၆) ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်ကျေးရွာမှာ လေဘေးရှောင်နေတဲ့ ပြည်သူတွေခိုလှုံနေတဲ့ ဓမ္မာရုံပြိုကျပြီး လူ(၁၃)ယောက်သေဆုံးခဲ့တယ်လို့ Rakhine Covid19 Watch ဆီက သိရပါတယ်။

read more

ရန်ကုန်၊မေ(၁၂) အမျိုးသားညီညွတ်‌ရေးအစိုးရ က Federal Wings တပ်ဖွဲ့နဲ့ နှစ်ဖက်တွေ့ဆုံ ဆွေးနွေးခဲ့ပြီး သဘောတူညီချက်တွေ ရရှိခဲ့တယ်လို့ မနေ့က(မေ၁၁)ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

read more

ရန်ကုန်၊မေ(၁၀) စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်ထဲမှာ မနေ့(မေ၉)ရက် မနက်ပိုင်းက ဈေးဝယ်ထွက်လာတဲ့ စစ်အုပ်စုကို ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်သား(၁)ယောက်သေပြီး၊ သေနတ်(၁)လက်ရရှိခဲ့တယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHUPDF) ဆီက သိရပါတယ်။

read more

ရန်ကုန်၊မေ(၁၀) ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (၂)ရပ်ကွက်၊ သုဓမ္မာလမ်း ဈေးထိပ်မှာ မနေ့(မေ၉)ရက် ညနေပိုင်းက အမျိုးသားတယောက် ခန္ဓာကိုယ်အပူချိန် မြင့်တက်ကာ လဲကျသတိလစ်ခဲ့ပြီး ဆေးကုသပေးနေချိန် သေဆုံးခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအသင်းအဖွဲ့ဆီက သိရပါတယ်။

read more

ရန်ကုန်၊မေ(၁၀) စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာမှာရှိတဲ့ စစ်တပ်စခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက် စစ်သားနဲ့ ပျူစောထီး (၂၀) ထက်မနည်း သေဆုံးခဲ့တယ်လို့ KLG တပ်မဟာဆီက သိရပါတယ်။

read more

ရန်ကုန်၊ မေ (၈) စစ်ကောင်စီကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တဲ့အခါ အလှူငွေတစ်သိန်းအထက် ထည့်သူတွေရဲ့ နာမည် (သို့မဟုတ်) ကြိုက်နှစ်သက်တဲ့ နာမည်ကို ဗုံးသီးမှာ ချိတ်ဆွဲ တိုက်ခိုက်ပေးမယ်လို့ Falcon Wings က ပြောပါတယ်။

read more

ရန်ကုန်၊ မေ (၇) တောင်ပိုင်းတိုင်းစစ်ဌာနချူပ်၊ တနင်္သာရီတိုင်းစစ်ဒေသခွဲ၊ပြည်သူကာကွယ်ရေးတပ်မတော်မြိတ်ခရိုင်တပ်ရင်း-၂ ရဲ့ အပတ်စဉ်(၆) အခြေခံစစ်သင်တန်းဆင်းပွဲကို မနေ့က တောတွင်းတစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

read more