ရန်ကုန်၊ မတ် (၁၄) ရှမ်းပြည်နယ်တောင်ပိုင်း ဒေသတချို့မှာ နယ်မြေရှင်းလင်းရေး၊‌ ဒေသခံပြည်သူလူထုတွေရဲ့ လုံခြုံရေး နဲ့ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုတွေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

read more

ရန်ကုန်၊ မတ် (၁၂) တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်၊ ဝိုင်းဒင်ကျေးရွာအနီး မတ် (၄) ရက်နေ့က ဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က စစ်ကြောင်းမှူး မြစ်ချောင်း အပါအဝင် စုစုပေါင်း ရဲဘော် (၉) ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

read more

ရန်ကုန်၊ မတ် (၉) “စစ်သုံးစစ်ကိုအမြစ်ဖြတ်ကြ၊ ပြည်သူ့ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ကြ” စာသားပါ ဘန်နာကို ကိုင်ဆွဲကာ ဒီနေ့ မနက်က ရန်ကုန်မြို့မှာ ပျောက်ကြားသပိတ် ပြုလုပ်ခဲ့ကြပါတယ်။

read more

ရန်ကုန်၊ မတ် (၉) အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို နေ့စဉ်ရင်ဆိုင်ကြုံတွေနေရတဲ့ မြန်မာပြည်သူတွေအနေနဲ့ သူတို့ရဲ့ အသက်အိုးအိမ်ကို ကယ်တင်ပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုခဲ့ပေမယ့် ဒီနေ့အထိ အကူအညီ မရရှိဘူးလို့ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ထောက်ပြ ပြောဆိုလိုက်ပါတယ်။

read more

ရန်ကုန်၊ မတ် (၈) ရှေ့တန်းစစ်မြေပြင်မှာ နှစ်ရက်အတွင်း ရဲဘော်နှစ်ဦး သေဆုံး ခဲ့တယ်လို့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့က အသိပေးပြောကြားလိုက်ပါတယ်။

read more

ရန်ကုန်၊ မတ် (၈) ကချင်ပြည်နယ်၊ မိုင်းညှင်းမြို့နယ် ရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက မနေ့ မနက် (၅) နာရီဝန်းကျင်က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

read more

ရန်ကုန်၊ မတ် (၈) စစ်တပ်က အာဏာသိမ်းမှုပြုလုပ်ခဲ့တဲ့ ကာလတစ်လျှောက်မှာ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေရဲ့ အခြေခံအခွင့်အရေးတွေကို အလွဲသုံးစားပြုခြင်းခံနေရသလို ချိုးဖောက်ခံနေရတယ်လို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

read more

ရန်ကုန်၊ မတ် (၈) စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်၊ ကျောက်ရစ်ကျေးရွာမှာ စခန်းအထိုင်ချထားတဲ့ စစ်ကောင်စီအဖွဲ့နဲ့ PDF အဖွဲ့တွေ မတ်လ (၅) ရက်နေ့က အပြန်လှန်ပစ်ခတ်မှုတွေကြောင့် ထိပ်တိုက်တိုက်ပွဲ ဖြစ်ခဲ့ပါတယ်။

read more

ရန်ကုန်၊ မတ် (၆) ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ကမ္ဘာသစ်ဆီဆိုင်ရှေ့မှာ မနေ့ နေ့လည်ပိုင်းက ဖုန်းလုယက်သူတွေဟာ အမျိုးသမီးတစ်ဦးရဲ့ ဦးခေါင်းကို ဓားနဲ့ခုတ်မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ “ဖုန်းလုယက်ခံရပြီး လုယူသူများမှ အမျိုးသမီး၏ ဦးခေါင်းအား ဓားဖြင့်ခုတ်၍ ထွက်ပြေးသွားကြောင်း သတင်းရရှိသဖြင့် ၊ သွေးထွက်လွန်နေသော အမျိုးသမီးအား လိုအပ်သော ဆေးကုသမှုပေး၍ လှိုင်သာယာပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ကူညီပေးခဲ့” တယ်လို့ သူတို့က ပြောပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့အတွင်းက မြို့နယ်တွေမှာ ညပိုင်းတွေတင်သာမက နေ့လယ်ခင်းတွေမှာပါ လုယက်မှုတွေ မကြာခဏ ဖြစ်နေတာပါ။

read more

ရန်ကုန်၊ မတ် (၆) ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၂) က ရဲဘော်မြတ်သူအောင် ဟာ မတ်လ (၂) ရက်နေ့က တိုက်ပွဲဝင်းရင်း ရှေ့တန်းတစ်နေရာမှာ ကျဆုံးသွားပြီဖြစ်တယ်လို့ သူတို့တပ်ဖွဲ့က ဒီနေ့မှာ အသိပေး ပြောကြားလိုက်ပါတယ်။

read more