ရန်ကုန်၊ ဇန်နဝါရီ (၈) စစ်ကောင်စီ လေကြောင်းကင်းထောက်အဖွဲ့တွေနဲ့ တိုက်လေယာဉ်တွေ ချင်းပြည်နယ်၊ မင်းတပ်မြို့ ဝေဟင်မှာ ဒီနေ့ညနေအထိ ပျံသန်းနေဆဲ ဖြစ်တယ်လို့ ဒေသခံတချို့ဆီက သိရပါတယ်။

read more

ရန်ကုန်၊ ဇန်နဝါရီ (၈) ဒီနေ့ မနက်က ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ် နဲ့ ခရမ်းမြို့ကြား က ကတုံးပေါ်ရွာ နယ်မြေရဲစခန်းသိမ်း တိုက်ပွဲမှာ ရဲတပ်သား အနည်းဆုံး (၃) ဦးထက် မနည်းသေဆုံးခဲ့တယ်ဆိုတာကို အတည်ပြုနိုင်ခဲ့တယ်လို PDF တပ်ဖွဲ့တွေက ပြောပါတယ်။

read more

ရန်ကုန်၊ ဇန်နဝါရီ (၈) နွေဦးတော်လှန်ရေးကို အရှိန်အဟုန်မြှင့်ဖို့ ပြင်ဆင်ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး က ပြောပါတယ်။

read more

ရန်ကုန်၊ ဇန်နဝါရီလ (၇) KTV လာတဲ့ စစ်ကောင်စီအဖွဲ့ကို ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ ဒဿ Monywa PDF ပြောက်ကြားတပ်ဖွဲ့က ဒီနေ့ညနေမှာ အသိပေးပြောကြားခဲ့ပါတယ်။

read more

ရန်ကုန်၊ ဇန်နဝါရီ (၇) ဒီနေ့ မနက်က ပျူစောထီးခေါင်းဆောင် ဦးမင်းအောင် သုတ်သင်ရှင်းလင်းခံရတာကို လာစုံစမ်းတဲ့ စစ်ကောင်စီလက်အောက်ခံ တောကျွဲအင်းနယ်‌မြေရဲစခန်း က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပဲခူးတိုင်း စစ်ဒေသခွဲ တပ်ဖွဲ့က ပြောပါတယ်။

read more

ရန်ကုန်၊ ဇန်နဝါရီ (၇) ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ကျောက်ကြီးကားလမ်းပေါ်မှာ ဒီနေ့ မနက်က မိုင်းရှင်းနေချိန် ပေါက်ကွဲမှုဖြစ်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၃) ဦး သေဆုံးကာ (၆) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ပဲခူးတိုင်း စစ်ဒေသခွဲ တပ်ဖွဲ့ဆီ က သိရပါတယ်။

read more

ရန်ကုန်၊ ဇန်နဝါရီ (၇) KNU ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်း ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလက တိုက်ပွဲ စုစုပေါင်း (၃၀၆) ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ဝင် စုစုပေါင်း (၂၁၇) ဦး သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရရှိသူ (၁၇၁) ဦး ရှိခဲ့တယ်လို့ ဒီနေ့ မနက် ဖော်ပြချက်အရ သိရပါတယ်။

read more

ရန်ကုန်၊ ဇန်နဝါရီ (၇) မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေလယ်ကျွန်းဒေသ၊ မင်းရွာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို PDF ပူးပေါင်းတပ်ဖွဲ့က ဝေဟင်ကနေ Drone နဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

read more

ရန်ကုန်၊ ဇန်နဝါရီ (၆) မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန လ.ဝ.က ရုံး ကို PDF ပူးပေါင်းတပ်ဖွဲ့တွေ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Myaing Villages Revolution Front ဆီက သိရပါတယ်။

read more

ရန်ကုန်၊ ဇန်နဝါရီ (၆) စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ ကန်းဒေါင့်ရဲစခန်း ကို မနေ့ညနေက PDF တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

read more