ရန်ကုန်၊ ဇန်နဝါရီ (၆) မုံရွာ-မန္တလေး အမြန်လမ်းပေါ်မှာ ဖြတ်သန်းသွားလာနေတဲ့ စစ်ကောင်စီ ယာဉ်တန်းကားတွေ ကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့ ဆီက သိရပါတယ်။

read more

ရန်ကုန်၊ ဇန်နဝါရီ (၅) မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်တောင်ပိုင်း၊ သရက်ကန်ရွာက စစ်ကောင်စီလက်အောက်ခံ ပျူစောထီးစခန်း ကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့ က ပြောပါတယ်။

read more

ရန်ကုန်၊ ဇန်နဝါရီ(၂) ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ တလုတ္ထော်မြို့မှာ နေထိုင်တဲ့ စစ်ကောင်စီ သတင်းပေးဒလန်ဆိုသူ ဦးကျော်လွင် သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

read more

ရန်ကုန်၊ ဇန်နဝါရီ (၂) အာဏာသိမ်း စစ်ခေါင်းဆောင် က လူအရေအတွက် စုစုပေါင်း (၇၄၄) ဦး ကို ဂုဏ်ထူးဆောင်ဘွဲ့တွေ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

read more

ရန်ကုန်၊ ဇန်နဝါရီ (၁) စစ်ကောင်စီက ၂၀၂၂ ခုနှစ်အတွင်း တစ်နိုင်ငံလုံးက အရပ်သားနေအိမ် စုစုပေါင်း (၄၁၃၅၅) လုံးကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒီနေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန မီးသတ်ဦးစီးဌာန က ဒီနေ့မှာ ပြောပါတယ်။

read more

ရန်ကုန်၊ ဇန်နဝါရီ (၁) စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့က နေရာ (၃) ခုမှာ ဒီနေ့တစ်ရက်ထဲ ဗုံး (၄) ကြိမ်ပေါက်ခဲ့တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

read more

ရန်ကုန်၊ ဒီဇင်ဘာ (၃၁) စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဆီက 30 ရိုင်ဖယ်တစ်လက်၊ ကျည်ဘောက် (၂) ခု၊ ကျည်အတောင့် (၈၀) နှင့် ဓားတစ်လက် သိမ်းဆည်းရမိခဲ့တယ်လို့ ရွှေတြိဂံပြည်သူ့ကာကွယ်ရေးတပ်ရင်း GTF က ပြောပါတယ်။

read more

ရန်ကုန်၊ ဒီဇင်ဘာ (၂၉) စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ စစ်ကောင်စီလက်အောက်ခံ ညောင်ပင်ဝန်းရဲစခန်း ကို မနေ့ ညနေပိုင်းက ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

read more

ရန်ကုန်၊ ဒီဇင်ဘာ (၂၉) ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံတက္ကသိုလ်က ကျောင်းသူတစ်ဦး ဖြစ်တဲ့ မမြသန္တာအောင် (ခ) မချယ်ရီ ကို ဖမ်းဆီးခံခဲ့ရတယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ က ပြောပါတယ်။

read more

ရန်ကုန်၊ ဒီဇင်ဘာ (၂၈) စစ်ကောင်စီလက်အောက်ခံ အမှတ် (၈၈) ခြေမြန်တပ်မ က တပ်ဖွဲ့ဝင်တွေကို ဒီနေ့ မနက်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တကောင်း သတင်းနှင်ပြန်ကြားရေး က အသိပေးပြောကြားပါတယ်။

read more