ရန်ကုန်၊ နိုဝင်ဘာ (၂၅) ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ ကနောင်မြို့၊ ကနောင်ရဲစခန်း ကို လက်လုပ်ဗုံးသီးပစ်လောင်ချာ (၅) ချက်၊ လက်လုပ်ဗုံး (၂) လုံး နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အပြန်အလှန် ပစ်ခတ်မှု (၁၀) မိနစ်ဝန်းကျင် ဖြစ်ခဲ့တယ်လို့ နဂါးနီတော်လှန်ရေးတပ်ဖွဲ့ က ပြောပါတယ်။

read more

ရန်ကုန်၊ နိုဝင်ဘာ (၂၅) တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ပျောက်ဆုံးနေသလို ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ မတရား၊ ဖမ်းဆီး၊ ညှင်းပန်း၊ သတ်ဖြတ်တာတွေ ခံနေရာတာဖြစ်တာမို့ “တနိုင်ငံလုံး အကျဉ်းကျနေတယ်လို့ ယူဆပါတယ်။” လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ပြောပါတယ်။

read more

ရန်ကုန်၊ နိုဝင်ဘာ(၁၄) ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့၊ မြို့မဈေး အနီးမှာရှိတဲ့ သစ်ဆန်းယဉ်ရွှေဆိုင် ကို မနေ့ (နိုဝင်ဘာ(၁၃)) ရက်နေ့မှာ မျက်နှာအုပ်ထားသူတစ်ဦးက ဓားပြတိုက်ကာ သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ ဆိုင်ရှင်သားဖြစ်သူ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ သိရပါတယ်။

read more

ရန်ကုန်၊ နိုဝင်ဘာ(၁၁) စာရေးဆရာ အကြည်တော် ရဲ့ ဈာပနာကို ဒီနေ့မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အကြည်တော် (ခ) စောကြည်ဖြူ ဟာ နိုဝင်ဘာ (၉) ရက်နေ့ ညပိုင်းမှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ အသက် (၅၁) နှစ်အရွယ်ရှိပြီဖြစ်တဲ့ စာရေးဆရာ အကြည်တော် ဟာ လွန်ခဲ့တဲ့လပိုင်းက ထိုင်းနိုင်ငံမှာ သွားရောက် ဆေးကုသမှု ခံယူခဲ့ပါသေးတယ်။

read more

ရန်ကုန်၊ နိုဝင်ဘာ (၆) “နိုင်ငံတကာကို အားမကိုးနဲ့ လူထုလွတ်မြောက်ရေးအတွက်၊ ကိုယ်တိုင်တိုက်ယူကြ” ဆိုတဲ့ စာသားကို ကိုင်ဆွဲကာ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ တော်လှန်ရေးအင်အားစုတွေက ဒီနေ့မှာ အရုဏ်ဦး သပိတ်စစ်ကြောင်း ပြုလုပ်ပြီး စစ်အာဏာရှင်ကို လက်မခံကြောင်း ပြသခဲ့ပါတယ်။

read more

ရန်ကုန်၊ နိုဝင်ဘာ (၅) ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ ကြို့ပင်သာအုပ်စု၊ ဖားယားကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဆောင်းတင် နေအိမ်မှာ သေနတ်ပစ်ခတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

read more

ရန်ကုန်၊ နိုဝင်ဘာ (၅) ဆိုးဝါးရက်စက်လွန်းတဲ့ အကြမ်းဖက် စစ်ကောင်စီ လက်အောက်မှာ နေနေရာတဲ့ ပြည်သူတွေအနေနဲ့ နေ့ရက်တိုင်း အရေးကြီးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ပြောပါတယ်။

read more

ရန်ကုန်၊ နိုဝင်ဘာ (၅) ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာက ရာအိမ်မှူး ဦးစန်းဦး မိသားစု (၇) ဦး နေအိမ်အတွင်း သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

read more

ရန်ကုန်၊ နိုဝင်ဘာ (၁) မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ (၁၂) လမ်းနဲ့ (၈၈) လမ်းထောင်အနီးမှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ ဒီနေ့ မနက်ပိုင်းက တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

read more

ရန်ကုန်၊ နိုဝင်ဘာ (၁) ဒီနေ့ မနက်အစောပိုင်းက မန္တလေးမြို့၊ ၅၅ နဲ့ မနော်လမ်းမီးပွိုင့်က ယာဉ်ထိန်းရုံးမှာ “သွေးကြွေးတောင်းဖို့ အချိန်တန်ပြီ ပူးပေါင်း၍ထတော့မန္တလေး” နဲ့ “ဖားကန့်အနန့်ပါအတွက် ဝမ်းနည်းမှုကို တော်လှန်ရေး ခွန်အားအဖြစ် ရှိန်မြှင့်ကြ” စာသား ဗီနိုင်းကို ချိတ်ဆွဲကာ တော်လှန်ရေးအင်အားစုတွေက ဆန္ဒထုတ်ဖော်ထုတ်ခဲ့ကြပါတယ်။

read more