ရန်ကုန်၊သြဂုတ်(၉) ထိုင်ဝမ်ကို အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီ လာရောက်တာကို ကန့်ကွက်တဲ့အနေနဲ့ ထိုင်ဝမ်ကျွန်းတစ်ဝိုက် လုပ်ဆောင်ခဲ့တဲ့ ပေကျင်းရဲ့ အကြီးဆုံး စစ်ရေးလေ့ကျင့်မှုက သတ်မှတ်ထားတဲ့ နောက်ဆုံးရက် ပြီးသွားပါပြီ။ ဒါပေမဲ့ နောက်တစ်နေ့မှာ စစ်ရေးလေ့ကျင့်မှု အသစ်ကို တရုတ်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

read more

ရန်ကုန်၊ သြဂုတ် (၈) ပြည်သူတွေရဲ့ နှမ်းခင်းတွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ MOD အနောက်ပိုင်းတိုင်း၊ တပ်မဟာ (၇)၊ တပ်ရင်း (၇၀၁) က ရဲဘော်တချို့က နှမ်းရိတ်၊ နှမ်းခုတ် ကူညီပေးနေတဲ့ မြင်ကွင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ “ပြည်သူနဲ့ PDF ဆိုတာ ရေနဲ့ငါးလိုပါပဲ။ ရေမရှိဘဲ ငါးတွေအသက်မရှင်နိုင်သလို ပြည်သူတွေမရှိဘဲ PDF ဆိုတာလဲ ဖြစ်မလာနိုင်ပါဘူး။ PDF ဆိုတာ ပြည်သူတွေလိုအပ်နေချိန်မှာ ပြည်သူကိုကာကွယ်ဖို့ ကူညီဖို့ အမြဲအဆင်သင့်ပါ။” လို့ သူတို့ အဖွဲ့က ပြောပါတယ်။

read more

ရန်ကုန်၊ သြဂုတ် (၈) ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နယ်အနီးက စစ်ကောင်စီတပ်စခန်းတစ်ခုကို Red Wolves Of Mogok တပ်ဖွဲ့က သြဂုတ်လ (၃) ရက်နေ့က တိုက်ခိုက်ခဲ့တဲ့ ရုပ်သံကို ဒီနေ့မှာ မနက်ပိုင်းမှာ လူမှုကွန်ယက်ကတစ်ဆင့် အသိပေးပြောကြားလိုက်ပါတယ်။ “အထိအခိုက် အသေအပျောက်ကို သေချာမသိရသေးပေမယ့် ခွေးစခန်းအတွင်းမှ အဆောက်အဦးအကြီးတစ်ခုပေါ်သို့ လက်နက်ကြီး ကျမှန်ခဲ့တာကြောင့် အထိအခိုက် အသေအပျောက်ရှိ” နိုင်တယ်လို့ သူတို့က အဖွဲ့က ပြောပါတယ်။

read more

ရန်ကုန်၊သြဂုတ်(၈) တိုင်းရင်းသား ပြည်သူလူထုနဲ့ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေက အာဏာရှင်ကို တွန်းလှန်တိုက်ဖျက်ဖို့အတွက် မယုံနိုင်လောက်အောင် ပူးပေါင်းဆောင်ရွက်နေကြတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတဒူဝါလရှီးလ က ပြောပါတယ်။

read more

ရန်ကုန်၊သြဂုတ်(၈) ဒီနေ့မှာ ကျရောက်တဲ့ ရှစ်လေးလုံးအရေးတော်ပုံ နှစ်ပတ်လည်နေ့ ရန်ကုန်တိုင်းအတွင်းက ဒဂုံဆိပ်ကမ်းမြို့နယ် နဲ့ သာကေတမြို့နယ်တွေမှာ ပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

read more

ရန်ကုန်၊ သြဂုတ် (၈) စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်ထဲမှာရှိတဲ့ တန့်ဆည်မြို့မှာ Taze Unnamed Squad နဲ့ စစ်ကောင်စီတပ်တွေကြား မနေ့က အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။ အပြန်အလှန် ပစ်ခတ်မှုကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် (၇) ဦး သေဆုံးခဲ့ကာ လက်နက် (၆) လက်သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

read more

ရန်ကုန်၊သြဂုတ်(၈) ပျူစောထီးခေါင်းဆောင် အုပ်ချုပ်ရေးမှူး ဦးစိုးမင်း ကို ဇေယျာသော်စစ်ဆင်ရေးအဖြစ် ဒီနေ့မနက်ပိုင်းမှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) ဆီက သိရပါတယ်။

read more

ရန်ကုန်၊သြဂုတ်(၈) ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (င)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ မနေ့ညပိုင်းက ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

read more

ရန်ကုန်၊ သြဂုတ် (၈) ချင်းတွင်းမြစ်ကြောင်းအတိုင်း မောင်းနှင်လာတဲ့ စစ်ကောင်စီရဲ့ ရိက္ခာသယ် ရေယာဉ် ကို မုဌောနဲ့ ချိုင် ကြားက ပွတ်လုံးဒေသကို အရောက်မှာ PDF အဖွဲ့ (၁၅) ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။ “စခ (၅) ကောင်ဒဏ်ရာ ရရှိကာ အသေအပျောက် အတိအကျမသိရပေ။ ရေယာဉ် တစီးအင်ဂျင်စက် ချို့ယွင်းခဲ့” တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်ကို သူတို့က ထုတ်ပြန်ချက်မှာ ပြန်လည် ဖော်ပြထားပါတယ်။ တိုက်ခိုက်မှုကို သြဂုတ်လ (၆) ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ပြီး “ပြည်သူများ ပို့သသော မေတ္တာများဖြင့် ရဲဘော်များ အားလုံး အထိအခိုက်မရှိ ဆုတ်ခွါနိုင်ခဲ့” တယ်လို့ ပြောပါတယ်။ Video- CGYDF

read more

ရန်ကုန်၊သြဂုတ်(၇) စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ် မိုင်းရှာထွက်လာချိန် မိုင်းပေါက်ကွဲမှုဖြစ်ပြီး စစ်ကောင်စီ လက်အောက်ခံ စစ်သား (၄) ဦးသေဆုံးခဲ့တယ်လို့ Brave Heart Army – BHA ဆီ က သိရပါတယ်။ မနေ့ သြဂုတ်လ(၆)ရက်နေ့မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး စစ်သား(၄) ဦးသေဆုံးခဲ့သလို ဒဏ်ရာရှိသူတွေလည်း ရှိခဲ့ပါတယ်။

read more