ရန်ကုန်၊ ဇွန် (၇) စစ်ကောင်စီက မကွေးတိုင်းဒေသကြီး၊ ယောဒေသ၊ စင်းစယ်ကျေးရွာ ကို ဒုတိယအကြမိမ်မြောက် လာရောက်ပြီး လူနေအိမ် (၁၂) လုံးကို မနေ့က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု က ဒီနေ့ မနက်ပိုင်းမှာ ပြောပါတယ်။

read more

ရန်ကုန်၊ ဇွန် (၂) ကိုယ်ပိုင် အမှတ် လ – ၂၇၂၈၁၇ ဒုတပ်ကြပ် ရဲမေ မဝီတိုရီယ (ခ) သိုးကလေး ဟာ ဒီနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်ကို စွန့်ခွာခဲ့တယ်လို့ ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF) ဆီက သိရပါတယ်။

read more

ရန်ကုန်၊ ဇွန် (၂) အမေရိကန်နိုင်ငံမှာ မေလအတွင်း အစုလိုက် အပြုံလိုက် သေဆုံးမှုဖြစ်စေခဲ့တဲ့ ပစ်ခတ်မှု (၂) ခုဖြစ်ပွားခဲ့ပါတယ်။ ဇွန်လ (၁) ရက် (မနေ့က) လည်း တူလ်ဆာမြို့၊ အိုကလာဟိုမားပြည်နယ်က ဆေးရုံမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။ ပစ်ခတ်မှုဖြစ်စဉ် (၃) ခုအတွင်း သေဆုံးခဲ့သူ (၃၃) ဦးရှိခဲ့ပြီး အားလုံးက အပြစ်မဲ့ပြည်သူတွေပါပဲ။

read more

ရန်ကုန်၊ ဇွန် (၂) မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ဒေသအတွင်း အကြမ်းဖက် သောင်းကျန်းသူအဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး အပြန်အလှန် သတင်းဖလှယ်ကြမယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ လက်အောက်ခံ ရဲမှူးချုပ် ထက်လွင် က ပြောပါတယ်။

read more

ရန်ကုန်၊ ဇွန် (၂) စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် BGF နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA/KNDO ကြား တစ်လအတွင်း တိုက်ပွဲပေါင်း (၄၁) ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဆီက သိရပါတယ်။

read more

ရန်ကုန်၊ မေ (၂၉) စိန်ပန်းအကွက်မှူး တာဝန်ခံအဖြစ် လူသိများတဲ့ သတင်းပေးဒလန် ကိုရန်နိုင်ကျော် (ခ) ထော့ကျိုး ကို ပစ်ခတ်ရှင်းလင်းချိန် အတူပါလာတဲ့ ကိုအောင်မိုးကျော် ပါ ကျည်ဆံထိမှန်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးမြို့ပြပျောက်ကျားတပ်ဖွဲ့ (မန္တလေး) က ပြောပါတယ်။

read more

ရန်ကုန်၊ မေ (၂၈) မူးယစ်ဆေးဝါး WY ဝယ်ပြီး ပြန်လာတဲ့ ဗိုလ်ကြီးရန်နိုင်ထွေး ကို စစ်တပ်က ဖမ်းဆီးလိုက်တယ်လို့ နေပြည်တော် မြို့ခံပြည်သူတွေဆီက သိရပါတယ်။

read more

ရန်ကုန်၊ မေ (၂၈) နိုင်ငံရေးမကောင်းတာကို အခွင့်ကောင်းယူပြီး ပြည်သူလူထုရဲ့ ပစ္စည်းတွေကို ခိုးယူလုနှိုက်နေတာတွေကို ရပ်တန်းကရပ်ဖို့ ညီညီအောင် ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁၀) ဖွဲ့က ဒီနေ့မှာ နောက်ဆုံးအနေနဲ့ သတိပေးပြောကြားလိုက်ပါတယ်။

read more

ရန်ကုန်၊ မေ (၂၈) မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ဝက်သုံးအိုင်ရွာ နဲ့ ဒေါင်အိုကြီးရွာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို Urban ကျားကြီး လို့ နာမည်ပေးထားတဲ့ လက်နက်ကြီးနဲ့ ပြန်လည် ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ 27 Revolution Forces ဆီက သိရပါတယ်။

read more