ရန်ကုန်၊ မေ (၉) ဒီနေ့ည (၉) နာရီက စတင်ကာ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ – မြင်းမူ – မန္တလေးလမ်း၊ မြင်းမူမြို့နယ်အတွင်းက လမ်းပိုင်းတွေနဲ့ မြို့နယ်ချင်းဆက် လမ်းပိုင်းတွေကို ဒီနေ့ည (၉) နာရီက စတင်ကာ လုံး၀ (လုံးဝ) အသုံးမပြုဖို့ ဗမာ့ဇာမဏီတပ်ဖွဲ့က ဒီနေ့ နေ့လည်ပိုင်းမှာ အရေးပေါ် သတိပေးစာထုတ်ပြန်ပြီး တားမြစ်လိုက်ပါတယ်။

read more

ရန်ကုန်၊ မေ (၉) စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေနဲ့ပေါင်းကာ ပြည်သူတွေအပေါ် အနိုင်ကျင့်နေတဲ့ Non CDM ကျန်းမာရေးဝန်ထမ်း နှစ်ဦးဖြစ်တဲ့ ဦးဗညားထွန်းနဲ့ ဇနီးဖြစ်သူ ဒေါ်ခင်ဝင်းမြင့် တို့ အနေနဲ့ အခုလုပ်ဆောင်နေတာတွေကို ရပ်တန်းက ရပ်ဖို့ ဗိုလ်လက်ဝဲအဖွဲ့ တာဝန်ခံက နောက်ဆုံးအနေနဲ့ ဒီနေ့မှာ သတိပေးပြောကြားပါတယ်။

read more

ရန်ကုန်၊ မေ (၉) သွေးသောက်အဖွဲ့တွေ ခြိမ်းခြောက်ပြောဆိုသလို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် USDP တွေကို ပစ်မှတ်ထားရှင်းလင်းမှာ မဟုတ်သလို တခြား မည်သည့်ပါတီဝင် ဖြစ်ပါစေ၊ အပြစ်မဲ့သူ ဖြစ်ပါက အနှောက်အယှက်ပေးမှာ မဟုတ်ဘူးလို့ ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ PRDF ရဲ့ သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံက ဒီနေ့မှာ ကတိပေးပြောကြားလိုက်ပါတယ်။

read more

ရန်ကုန်၊ မေ (၆) မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့က လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးညိုထွန်းဇော် နဲ့ ဦးတင်သိန်း တို့နှစ်ဦးကို စစ်ကောင်စီလက်အောက်ခံ သွေးသောက်အဖွဲ့က ကားနဲ့လာရောက် ဖမ်းခေါ်သွားကာ သတ်ပစ်ပြီး လမ်းဘေးမှာ ပစ်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

read more

ရန်ကုန်၊ မေ (၆) ဒီနေ့ မေ (၆) ရက်နေက စတင်ကာ မေ (၈) ရက်နေ့အထိ (၃) ရက်ကြာ မိဘပြည်သူတွေအနေနဲ့ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်အတွင်းကို မော်တော်ကား၊ ဆိုင်ကယ်တွေနဲ့ ခရီးသွားလာတာ လုံး၀ (လုံးဝ) မပြုလုပ်ဖို့ လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ပြောပါတယ်။

read more

ရန်ကုန်၊ မေ (၅) မကြာခင်ကာလမှာ ပညာရေးနဲ့ ပတ်သက်ပြီး ဒီဂရီကောလိပ်တွေ၊ တက္ကသိုလ်တွေနဲ့ အခြေခံပညာကျောင်းတွေ ပြန်လည်ဖွင့်လှစ်မှာဖြစ်လို့ ဆရာ၊ ဆရာမတွေအပါအဝင် ကျောင်းသား၊ ကျောင်းသူတွေ အေးချမ်းလုံခြုံစွာနဲ့ ပညာ သင်ကြားနိုင်ရေးအတွက် လုံခြုံရေးကို ကြိုတင်စီမံထားဖို့ လိုတယ်လို့ ဒုတိယစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ပြောပါတယ်။

read more

ရန်ကုန်၊ မေ (၁) စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ဒီနေ့ မနက် (၁) နာရီဝန်းကျင်က (၄၅) မိနစ်ကြာ တိုက်ပွဲဖြစ်ခဲ့လို့ လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

read more

ရန်ကုန်၊ မေ(၁) ရန်ကုန်မြို့၊ တာမွေမြို့နယ်အတွင်းမှာ တော်လှန်ရေးအင်အားစုတွေက စုပေါင်းပြီး “တပ်ပျက်နေပြီ ဟေ့” ကြွေးကြော်သံတွေ ဟစ်ကြွေးပြီး အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပုံကိုမြေမှာချနင်းကာ ဒီနေ့မနက်ပိုင်းမှာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

read more

ရန်ကုန်၊ မေ (၁) မူးယစ်ဆေးဝါး သားကောင်တွေ ကျက်စားရာနေရာကို ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့လို့ သေနတ်တစ်လက်၊ ဓါးတစ်လက်၊ WY အလုံး (၁၉၀)၊ ပိုက် နဲ့ လုံးချင်း (၁၃၀) ပါ အထုတ် တစ်ထုတ် ကို သိမ်းဆည်းရမိခဲ့တယ်လို့ လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

read more