ရန်ကုန်၊ မတ် (၆) ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဘုရားငုတ်တိုကျေးရွာ နဲ့ ကျောက်ဆည်ကန်အနီး မနေ့က တစ်နေ့ကုန် နီးပါးဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ဘက်က (၃၅) ဦး ကျော်သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်- ဒီးမော့ဆိုမြို့နယ် ပြန်ကြားရေးတာဝန်ခံက ဒီနေ့မှာ ပြောပါတယ်။

read more

ရန်ကုန်၊မတ်(၅) ယူကရိန်းဘက်ကနေ ပါဝင်တိုက်ခိုက်ပေးမယ့် နိုင်ငံတကာ စေတနာ့ဝန်ထမ်းတွေကို ဖမ်းမိရင် စစ်သုံပန်းအခွင့်အရေးရမှာ မဟုတ်ဘူးလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

read more

ရန်ကုန်၊မတ်(၅) မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ချင်းသပြေပင်ကျေးရွာက အုပ်ချုပ်ရေးမှူး ဦးနန်းတင် နဲ့ ဒလန်လို့ လူပြောများနေတဲ့ ဦးဌေးမောင် တို့ မနေ့ညပိုင်းမှာ သေနတ်ပစ်ခံရတဲ့အတွက် နေရာမှာတင် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

read more

ရန်ကုန်၊ မတ် (၅) ဒီနေ့ မနက် (၆) နာရီဝန်းကျင်က ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို သွားရောက်တိုက်ခိုက်ခဲ့လို့ အကြမ်းဖက်စစ်သား (၅) ဦး သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ Civic Defense Militia -CDM -Siyin က ပြောပါတယ်။

read more

ရန်ကုန်၊ မတ်(၄) ရုရှား ရဲ့ ကျူးကျော်စစ်ကို ခုခံတိုက်ခိုက်ဖို့အတွက် ပြည်ပနိုင်ငံတွေက တိုက်ခိုက်ရေးသမားတွေ ယူကရိန်းနိုင်ငံထဲကို လာရောက်နေပြီ ဖြစ်တယ်လို့ ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီ က ပြောဆိုလိုက်ပါတယ်။

read more

ရန်ကုန်၊ မတ် (၂) ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ကျွန်းတောကျေးရွာ တိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်ဘက်က (၂၄) ဦး သေဆုံးခဲ့ကာ တင့်ကားတစ်စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်- ဒီးမော့ဆိုမြို့နယ် ပြန်ကြားရေးတာဝန်ခံက ဒီနေ့မှာ ပြောပါတယ်။

read more

ရန်ကုန်၊ မတ် (၁) ဆရာဝန်တွေ၊ သူနာပြုတွေအနေနဲ့ ဘယ်အခြေအနေမျိုးပဲ ကြုံတွေ့ပါစေ လူနာတွေကို တာဝန်မဲ့ စွန့်ခွာသွားတာမျိုး မပြုလုပ်ဖို့ စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုဝန်ကြီး၊ ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း က ပြောပါတယ်။

read more

ရန်ကုန်၊ မတ် (၁) အကသကျောင်းသား ဥက္ကဌဟောင်းတစ်ဦးဖြစ်တဲ့ ကိုအောင်မင်းခိုင်(ခ) မဲကြီး ကိုစစ်ကောင်စီရဲ့ ထောင်တွင်းတရားရုံးကနေ ပုဒ်မ၅၀၅(က) နဲ့ထောင်ဒဏ်(၃)နှစ် ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။

read more

ရန်ကုန်၊မတ် (၁) စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ မန္တလေး-ဗန်းမော်ကားလမ်းကြီးပေါ် အင်ဒေါင်းကျေးရွာလမ်းခွဲမှာ ဒီနေ့နေ့လည် (၁၁) နာရီကျော်က တိုက်ပွဲဖြစ်ခဲ့လို့ အကြမ်းဖက်စစ်သား အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

read more

ဝက်လက်နဲ့အရာတော်မှာနှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရလို့ အကြမ်းဖက်စစ်တပ်က ဒု-အရာခံဗိုလ် အပါအဝင် (၇) ဦးသေဆုံး၊ (၄) ဦး အပြင်းအထန်ဒဏ်ရာရ ရန်ကုန်၊မတ် (၁) စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ် နဲ့ အရာတော်မြို့ နယ်မှာ နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခံရလို့ အကြမ်းဖက်စစ်တပ်က ဒုအရာခံဗိုလ်အပါအဝင် အကြမ်းဖက်စစ်သား (၇) ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ရင်း (၁) က ပြောပါတယ်။

read more