ရန်ကုန်၊ ဒီဇင်ဘာ(၂၀) ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (စ) ရပ်ကွက် က ကျောင်းဆရာမတစ်ဦးကို ဒီနေ့မနက်ပိုင်းမှာ အမည်မသိသူတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ သေဆုံးသွားပြီ ဖြစ်တယ်လို့ ဒေသခံပြည်သူတွေဆီ က သိရပါတယ်။ “အပစ်ခံရတဲ့ ဆရာမက ဒေါ်နီလာရွှေ တဲ့၊ အငြိမ်းစားယူထားတာ၊ မနက်ဈေးသွားနေတုန်း အနောက်ကနေပစ်သွားတာ။ ကျည်ဆံတော်တော်ထိသွားတယ်ကြားတယ်၊ ဆေးရုံကိုပို့နေတုန်းလမ်းမှာ သေသွားပြီ” လို့ မြောက်ဥက္ကလာပမြို့နယ်မှာ နေထိုင်တဲ့ အမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ(၅) ရက်နေ့ကလည်း ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်က အထက (၂) ကျောင်းကိုသွားဖို့ အငှားယာဉ်တက္ကစီနဲ့ ထွက်လာတဲ့ အထက်တန်းပြဆရာမ ဒေါ်လှလှသန်း ကို မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းမကြီးပေါ် သုဓမ္မာလမ်း နဲ့ နွယ်နီလမ်းထောင့်မှာ မီးပွိုင့်မိနေချိန် အမည်မသိသူတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ သေဆုံးသွားခဲ့ပါသေးတယ်။

read more

ရန်ကုန်၊ ဒီဇင်ဘာ(၂၀) စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းမှာ ဒီဇင်ဘာ(၁၈) ရက်နေ့က အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေရဲ့ တိုက်ပွဲမှာ အာဠာဝက ပြောက်ကျားတပ်ဖွဲ့က တပ်သား (၁) ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်တွေက ရေကြောင်း၊ ကုန်းကြောင်းကတဆင့် လက်နက်ကြီးပစ်ကူတွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပြန်လည်ဆုတ်ခွာချိန် တပ်သား မင်းခန့်ကျော် ကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးရမိပြီး အနီးကပ်ပစ်သတ်ခဲ့တာဖြစ်တယ်လို့ အာဠာဝက ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ ကျဆုံးသွားတဲ့ ရဲဘော် မင်းခန့်ကျော် ဟာ အသက်(၁၈) နှစ် မပြည့်သေးသူတစ်ဦးဖြစ်ပြီး မနေ့က ဒီဇင်ဘာ(၁၉) ရက်နေ့မှာ ဈာပနကျင်းပပြုလုပ်ပေးခဲ့တာဖြစ်တယ်လို့ အာဠာဝက ပြောက်ကျားတပ်ဖွဲ့ ဆီကသိရပါတယ်။

read more

ရန်ကုန်၊ ဒီဇင်ဘာ (၁၉) ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့၊ မေတ္တာလင်းမြိုင်နဲ့ မယ့်ထော်သလေးကြား (၅) ရက်မြောက်နေ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်ခွဲမှူး (၂) ဦး၊ ဒုတပ်ခွဲမှူး (၂) ဦးနဲ့ စုစုပေါင်းသေဆုံးသူ (၅၀) ဦး နီးပါးရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ PVT က အတည်ပြုရေးသားထားပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီအဖွဲ့ဘက်က ၆၀ မမ (၁) လက်၊ ပစ္စတို (၄) လက်၊ စနိုက်ပါ (၁) လက် ၊ MK1 (၃) လက်၊ MK2 (၃) လက် စုစုပေါင်း (၁၂) လက်၊ လက်ပစ်ဗုံး၊ ကျည်ကပ်တချို့ နဲ့ ကျည်ဆန်တွေ သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။…

read more

ရန်ကုန်၊ ဒီဇင်ဘာ (၁၉) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ဘေးရှောင် ပြည်သူတွေအတွက် ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေက ဒီနေ့မှာ ကိုရီးယားနိုင်ငံ၊ ဂင်ဖိုမြို့၊ လမ်းမပေါ်မှာ အလှူခံထွက်ခဲ့ကြတယ်လို့ ကိုရီးယား Gimpo မြန်မာအလုပ်သမားများအဖွဲ့က ပြောပါတယ်။ “အရမ်းအေးတဲ့ ရာသီဥတုကြားမှာ လာရောက်ပါဝင်ပေးကြတဲ့ ညီအကိုတွေရောအလှူငွေထည့်ပေးကြတဲ့ သူတစ်ယောက်ချင်းစီရော အရမ်းကိုပဲ ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ” လို့ သူတို့ရဲ့ လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။ စစ်ဘေးရှောင်ပြည်သူတွေအတွက် ဒီနေ့မှာ အလှူငွေ စုစုပေါင်း 700000 ဝမ် လက်ခံရှိခဲ့တယ်လို့ သိရပါတယ်။ “အမိမြေရဲ့တိုက်ပွဲတွေကြားက ပြည်သူ့စစ်သည်တော်တွေနဲ့စစ်ဘေးသင့် ပြည်သူတွေအတွက် ကျွန်တော်တို့ဒီထက်မက ကြိုးစာရဦးမှာဖြစ်တယ်” လို့ သူတို့က ပြောပါတယ်။ ကိုရီးယား Gimpo မြန်မာအလုပ်သမားများအဖွဲ့ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ပြုလုပ်နေသလို မြန်မာနိုင်ငံက ပြည်သူတွေအတွက် ကိုရီးယားနိုင်ငံက…

read more

ရန်ကုန်၊ ဒီဇင်ဘာ (၁၉) တိုင်ဖွန်းမုန်တိုင်း “ရိုင်” ကြောင့် ဖိလစ်ပိုင်နိုင်ငံမှာ အနည်းဆုံး သေဆုံးသူ (၇၅) ဦး ရှိခဲ့တယ်လို့ တရားဝင် စာရင်းဇယားတွေကို တာဝန်ရှိသူတွေက တနင်္ဂနွေနေ့ (ဒီဇင်ဘာ ၁၉ ရက်) မှာ ပြသခဲ့ပါတယ်။ နာမည်ကြီး ခရီးသွားဒေသ ကျွန်းပြည်နယ် တစ်ခုဖြစ်တဲ့ ဘိုဟိုကျွန်း (Bohol) ရဲ့ အုပ်ချုပ်ရေးမှူး အာသူယတ် (Arthur Yap) က ကျွန်းပေါ်မှာရှိတဲ့ မြို့တော်ဝန်တွေဟာ သူတို့မြို့တွေမှာ သေဆုံးသူ (၄၉) ဦး ရှိတယ်ဆိုတဲ့ အစီရင်ခံစာကို သူတို့ရဲ့တရားဝင် Facebook စာမျက်နှာကတစ်ဆင့် ဗီဒီယိုမက်ဆေ့ချ်နဲ့ ပြောကြားခဲ့ပါတယ်။ အဲ့ဒီကြေညာချက်ကြောင့် သေဆုံးသူ လူဦးရေစာရင်းဟာ အခုလို (၇၅) ဦးအထိ တိုးမြင့်လာခဲ့ရတာ ဖြစ်ပါတယ်။ မုန်တိုင်း…

read more

ရန်ကုန်၊ ဒီဇင်ဘာ(၁၉) နယ်မြေကျူးကျော်ဝင်ရောက်ခဲ့တဲ့ စစ်ကောင်စီအကြမ်းဖက်တပ်နဲ့ KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တွေကြား (၅) ရက်မြောက် တိုက်ပွဲပြင်းထန်နေပြီး မေတ္တာလင်းမြိုင် နဲ့ မယ့်ထော်သလေးကြား တိုက်ပွဲတွေမှာ စစ်ကောင်စီအဖွဲ့ဝင်တွေ တချို့သေဆုံးခဲ့ပြီး စစ်လက်နက်တချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ဒေသခံသတင်းတွေဖော်ပြချက်အရ သိရပါတယ်။ “မနက်ကတည်းက စစ်တပ်ကလက်နက်ကြီးတွေနဲ့ ပစ်နေတာ၊ လက်နက်ကြီးတွေ ဖောဖာသီသီသုံးပြီး ပစ်နေပေမယ့်၊ သူတို့ဘက်အသေအပျောက်ရှိတယ်၊ စစ်ကူးလမ်းကြောင်းတွေကိုလည်း ဖြတ်တောက်တိုက်ခိုက်တာတွေလုပ်ထားတယ်၊ ပိတ်မိနေတဲ့လူတွေကို ကယ်ထုတ်ဖို့ လုပ်နေတယ်” လို့ KNLA တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီဘက်က ၆၀ မမ (၁) လက် ၊ MA1 (၄) လက်၊ Sniper (၂) လက်၊ ပစ္စတို (၂) လက် စုစုပေါင်း လက်နက် (၉) လက်သိမ်းဆည်းထားပြီလို့…

read more

ရှမ်းပြည်နယ် နောင်လုံကျေးရွာက လူနေအိမ်တွေ ထပ်မံမီးရှို့ဖျက်ဆီးခံရ ရန်ကုန်၊ ဒီဇင်ဘာ (၁၉) ရှမ်းပြည်နယ် တောင်ပိုင်း၊ လွိုင်လင်မြို့ အရှေ့ဘက်မှာရှိတဲ့ နောင်လုံကျေးရွာက လူနေအိမ်တွေကို ဒီဇင်ဘာ (၁၈) ရက်နေ့မှာ စစ်ကောင်စီက ထပ်မံ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

read more

“ကမ္ဘာတည်သရွေ့ ဥဒါန်းမကြေဘူး” စာသားတွေ ကိုင်ဆွဲပြီး လူငယ်များသမဂ္ဂ Youths Union အဖွဲ့က ဦးဆောင်ကာ ရန်ကုန်မြို့၊ ဗိုလ်စိန်မှန်ဘောလုံးကွင်း အနီးမှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

read more

ရန်ကုန်၊ ဒီဇင်ဘာ (၁၉) အိန္ဒိယနိုင်ငံ၊ ကာနာတာကာပြည်နယ် (Karnataka) နဲ့ ကီရာလာပြည်နယ် (Kerala) တွေမှာ ပိုးတွေ့ရှိမှု (၁၀) ခုကို ကြေငြာပြီးနောက် အိန္ဒိယရဲ့ ကိုဗစ် ၁၉ မျိုးကွဲ ဗိုင်းရပ်စ် အိုမီခရွမ် (Omicron) တွေ့ရှိမှု အရေအတွက်ဟာ ဒီဇင်ဘာ (၁၈) ရက် စနေ့နေ့မှာ (၁၂၆ ) ခု အထိ မြင့်တက်လာခဲ့ပါတယ်။ ဗဟိုအစိုးရနဲ့ ပြည်နယ်တာဝန်ရှိသူတွေရဲ့ ပြောစကားအရ အိုမီခရွမ် omicron ဖြစ်ပွားမှုတွေကို ပြည်နယ်နဲ့ ပြည်ထောင်စုနယ်မြေ စုစုပေါင်း (၁၁) ခုထိ ပျံ့နှံ့နေပြီ ဖြစ်ပါတယ်။ ကာနာတာကာ ပြည်နယ်(Karnataka) မှာ ဒီဇင်ဘာ (၂) ရက်က အိုမီခရွန်ကူးစက်ခံရမှု (၂) ခု တွေ့ရှိခဲ့ရပြီး…

read more