ပရီတိုးရီးယား(တောင်အာဖရိက)၊ ဇန်နဝါရီ (၁၁) လူမျိုးသုဉ်းသတ်ဖြတ်မှုကို အစ္စရေးကျူးလွန်တယ်ဆိုပြီး တောင်အာဖရိကစွပ်စွဲချက်ဟာ အမေရိကန်နဲ့ ဆက်ဆံရေးကို ထိခိုက်စေပြီး သံတမန်ရေးရာ တင်းမာလာစေခဲ့ပါတယ်။

read more

နယူးယောက်၊ ဇန်နဝါရီ (၉) အကြီးအကျယ် လိုငွေပြမှုနဲ့ ကြွေးမြီတွေကို သက်တောင့်သက်သာ ထွေးပိုက်ထားဖို့ မဖြစ်နိုင်လို့ အမေရိကန်ရဲ့ ၃၄ ထရီလီယံကြွေးမြီ ပြဿနာဟာ တိုင်းပြည်စီးပွားရေးဖို့ “ပွက်ပွက်ဆူနေတဲ့ အိုးထဲရောက်နေတဲ့ ဖားတစ်ကောင်” ဥပမာဖြစ်စဉ်တစ်ခုနဲ့ တူလာတယ်လို့ ဂျေပီမော်ဂန် (J.P. Morgan) က သတိပေးလိုက်ပါတယ်။

read more

ဝါရှင်တန်၊ ဇန်နဝါရီ (၉) အရှေ့အလယ်ပိုင်းဒေသတခွင် အမေရိကန်တပ်ဖွဲ့ဝင်တွေ ပုံမှန်တိုက်ခိုက်နေပြီး ရေတပ်အနေနဲ့ ပင်လယ်နီထဲမှာ ဟူသီသူပုန်တွေနဲ့ ထိတွေ့ရင်ဆိုင်နေချိန်မှာ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုင်အော်စတင်က ဆေးရုံရောက်နေခဲ့ပြီး ဇန်နဝါရီ (၈) ရက်ကတည်းက တာဝန်ကနေ ခေတ္တအနားယူနေခဲ့ပါတယ်။

read more

ရန်ကုန်၊ဖေဖော်ဝါရီ(၁၆) ၂၀၂၃ခုနှစ် ဖေဖော်ဝါရီ(၂၇)ရက်ကနေ မတ်လ(၁၀)ရက်နေ့အထိ ကျင်းပပြုလုပ်မယ် ရွှေမြွေဟောက်စစ်ရေးလေ့ကျင့်မှု (Cobra Gold Exercise 2023) မှာ ထိုင်ခုံအရေအတွက် ကန့်သတ်ထားတာမို့လို့ မြန်မာနိုင်ငံကို ဖိတ်ကြားသွားမှာ မဟုတ်ဘူးလို့ ထိုင်းဗိုလ်ချုပ်ကြီး Thitichai Tiantong က ပြောပါတယ်။

read more

ရန်ကုန်၊ သြဂုတ် (၁၂) သီရိလင်္ကာသမ္မတဟောင်း ဂိုတာဘာယာ ရာဂျာပါကဆာဟာ ယာယီနေထိုင်ဖို့အတွက် ထိုင်းနိုင်ငံကို ကြာသပတေးနေ့က ရောက်ရှိခဲ့ပါတယ်။ ထိုင်းနိုင်ငံဟာ ဂိုတာဘာယာ သီရိလင်္ကာနိုင်ငံကနေ ထွက်ပြေးလာခဲ့ပြီးနောက် ယာယီနေထိုင်ခွင့်တောင်းခဲ့တဲ့ ဒုတိယမြောက် အရှေ့တောင်အာရှနိုင်ငံ ဖြစ်ပါတယ်။

read more

ရန်ကုန်၊ သြဂုတ် (၃) အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပလိုစီ က ထိုင်ဝမ် ကို လာရောက်ခဲ့တာကြောင့် ဩဂုတ်လ ၃ ရက်နေ့မှာ တရုတ်က ထိုင်ဝမ် ဆီ သဘာဝသဲတင်ပို့မှုကို ဆိုင်းငံ့လိုက်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကျွန်းကနေ လိမ္မော်သီးနဲ့ ငါးထွက်ကုန်တချို့ တင်သွင်းတာကို ရပ်ဆိုင်းခဲ့ပါတယ်။

read more

ရန်ကုန်၊ဇွန်(၂၃) ဗုဒ္ဓဟူးနေ့က အာဖဂန်နစ္စတန်မှာ အင်အားပြင်းငလျင်လှုပ်ခတ် မှုကြောင့် သေဆုံးသူ ဦးရေ (၁၀၀၀) အထိရှိခဲ့တယ်လို့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ ဒဏ်ရာရရှိသူ ၁၅၀၀ ကျော်ရှိခဲ့ပြီး ဝေးလံခေါင်သီတဲ့ တောင်ပေါ်ကျေးရွာတွေက အချက်အလက်တွေ ထွက်ပေါ်လာဦးမှာဖြစ်တဲ့အတွက် သေဆုံးသူဦးရေ တိုးလာနိုင်ဖွယ်ရှိပါတယ်။

read more

ရန်ကုန်၊ဇွန်(၂၁) ရူစလာနာ ဂါဂန် ဆိုတဲ့ ကောင်မလေးက လိုဗစ်မြို့က Academy of Arts မှာ ပညာသင်ကြားနေတာပါ။ သူ့ရဲ့အဖေက သူ့ရဲ့တီထွင်ဖန်တီးလိုတဲ့ ဆန္ဒကို အမြဲပံ့ပိုးပေးခဲ့တယ်လို့ သူက ပြောပါတယ်။ အခုဆိုရင် သူ့ရဲ့အဖေက တိုက်ခိုက်ရေးသမားအဖြစ် ရုရှားတပ်တွေကို ခုခံတိုက်ခိုက်နေပါတယ်။

read more

ရန်ကုန်၊ ဇွန် (၇) အီရတ်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အမေရိကန်စစ်မှုထမ်းဟောင်းတစ်ဦးက ယူကရိန်းနိုင်ငံမှာ စေတနာ့ဝန်ထမ်းလုပ်နေပါတယ်။ သူက အမိမြေကို ကာကွယ်ဖို့ ရှေ့တန်းထွက်မယ့် ယူကရိန်းတပ်ဖွဲ့ဝင်တွေကို လေ့ကျင့်ပေးနေတာပါ။ Fox News သတင်းဌာနက သူ့ရဲ့လုံခြုံရေးကို စိုးရိမ်တာကြောင့် ဘယ်သူဆိုတာကိုတော့ ဖော်ပြမထားပါဘူး။

read more

ရန်ကုန်၊ ဇွန် (၂) အမေရိကန်နိုင်ငံမှာ မေလအတွင်း အစုလိုက် အပြုံလိုက် သေဆုံးမှုဖြစ်စေခဲ့တဲ့ ပစ်ခတ်မှု (၂) ခုဖြစ်ပွားခဲ့ပါတယ်။ ဇွန်လ (၁) ရက် (မနေ့က) လည်း တူလ်ဆာမြို့၊ အိုကလာဟိုမားပြည်နယ်က ဆေးရုံမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။ ပစ်ခတ်မှုဖြစ်စဉ် (၃) ခုအတွင်း သေဆုံးခဲ့သူ (၃၃) ဦးရှိခဲ့ပြီး အားလုံးက အပြစ်မဲ့ပြည်သူတွေပါပဲ။

read more