ရခိုင်၊ စက်တင်ဘာ (၇) ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ မောင်ရွှေလေးရွာနဲ့ ကွင်းဝိုင်းရွာကြားမှာရှိတဲ့ စစ်ကောင်စီ ရေတပ်စခန်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းအတွင်းက စစ်လက်နက်ပစ္စည်း အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ အာရက္ခတပ်တော် AA က မနေ့ညပိုင်းမှာ ပြောပါတယ်။

read more

ရန်ကုန်၊ စက်တင်ဘာ (၆) လက်နက်မဲ့ လာရောက် အလင်းဝင်တဲ့ စစ်ကောင်စီရေတပ်က တပ်ကြပ်ညီညီလွင် လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ စိစစ်လက်ခံပြီး ဂုဏ်ပြုဆုငွေလည်း ချီးမြှင့်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရန်ကုန်တိုင်းစစ်ဌာန ကပြောပါတယ်။

read more

ရန်ကုန်၊ စက်တင်ဘာ (၅) စစ်ကောင်စီက မြန်မာပြည်သူတွေရဲ့ နိုင်ငံရေး၊ စီးပွါးရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမူရေးစတဲ့ အကျိုးစီးပွားနဲ့ နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာကို ထိပါးစေတဲ့ လုပ်ရပ်တွေကို ကျူးလွန်နေတာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကပြောပါတယ်။

read more

ကယား၊ စက်တင်ဘာ (၃) ကယားပြည်နယ် (ကရင်နီ) ဘောလခဲမြို့နဲ့ မယ်စလောင်းတောင်ကြားမှာရှိတဲ့ ရေကျော်စခန်းအတွင်းက စစ်ကောင်စီရုပ်အလောင်း (၆) လောင်း၊လက်နက်ငယ် (၇)လက် ၊9MM ပစ္စတို (၁)လက် ၊ ငါကြင်းမြီး (၁)လက် ၊ (၈၁)မမ ပြောင်း (၁) ပြောင်း နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ကရင်နီတိုင်းရင်းသားများ ကာကွယ်ရေးတပ်ဖွဲ့ KNDF က ဒီနေ့မှာ ပြောပါတယ်။

read more

တနင်္သာရီ၊ စက်တင်ဘာ (၂) တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ၆ မိုင်ကျေးရွာမှာ ဖြစ်တဲ့ (၄) ရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီဆီက လက်နက်အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ တနင်္သာရီကာကွယ်ရေး ပြောက်ကြား က ဒီနေ့မှာ ပြောပါတယ်။

read more

တနင်္သာရီ၊ ဩဂုတ် (၃၁) တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာကနေ ဒီနေ့ မနက် ၇ နာရီခွဲကျော်က ခြေလျင်တက်လာတဲ့ စစ်ကောင်စီအဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က (၄) ယောက်သေဆုံးခဲ့တယ်လို့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ မြိတ် ကပြောပါတယ်။

read more

တနင်္သာရီ၊ ဩဂုတ် (၃၁) တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ၆ မိုင်ကျေးရွာမှာ ဖြစ်တဲ့ (၄) ရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဗိုလ်ကြီးတစ်ယောက် အပါအဝင် (၇) ယောက် သေဆုံးခဲ့ပြီး (၁၀) ယောက်ကျော် ဒါဏ်ရာရရှိခဲ့တယ်လို့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ မြိတ် က ဒီနေ့မှာ ပြောပါတယ်။

read more

ရှမ်း၊ ဩဂုတ် (၃၁) စစ်ကောင်စီ (၉၀၂) တပ်စခန်းနဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တွေ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းရွာမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ သိရပါတယ်။

read more

ရခိုင်၊ ဩဂုတ် (၃၀) ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ စစ်ကောင်စီလက်အောက်ခံ ARSA၊ RSO၊ ARA နဲ့ အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်တွေ မနေ့ကအထိ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ် သိရပါတယ်။

read more

ရှမ်း၊ ဩဂုတ် (၃၀) ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) စစ်ဆင်ရေးအတွင်း စစ်ကောင်စီဆီက ထပ်မံသိမ်းပိုက်နိုင်ခဲ့တဲ့ မြို့တွေမှာ အုပ်ချုပ်ရေးယန္တရား ကောင်းမွန်စွာ ပြန်လည် လည်ပတ်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော် ကပြောပါတယ်။

read more