ရန်ကုန်၊ ဒီဇင်ဘာ (၂၆) “ကိုယ်တိုက်မှ ကိုယ်ရမည်” “ရန်သူ့လက်နက် ကိုယ့်လက်နက်” ဖြစ်ဖို့ နီးစပ်ရာ စစ်ကောင်စီတပ်ကို အမြန်ဆုံးတိုက်ထုတ်တာဟာ မိမိအဖွဲ့အစည်းရဲ့ စစ်ရေးရည်မှန်းချက် ပြည့်၀တာလည်း ဖြစ်သလို မြန်မာပြည်သူလူထုတစ်ရပ်လုံး အလိုလားဆုံးသောဆန္ဒကို ဖြည့်ဆည်းပေးတာနဲ့ တူတယ်လို့ မဟာမိတ်ညီနောင် ၃ ဖွဲ့ ကပြောပါတယ်။

read more

မြောက်ဦး၊ ဒီဇင်ဘာ (၂၆) ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့က ရခိုင့်သမိုင်းဝင်အမွေအနှစ်တွေနဲ့ ရိုးရာယဉ်ကျေးမှုလက်ရာတွေကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီတပ်ကို လုပ်သင့်လုပ်ထိုက်တာတွေကို ထိထိ ရောက်ရောက် တုံ့ပြန်လုပ်ဆောင်သွားမယ်လို့ ရက္ခိုင့်တပ်တော် က သတိပေးလိုက်ပါတယ်။

read more

ရန်ကုန်၊ ဒီဇင်ဘာ (၂၅) စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ရွာရဲစခန်းမှာ တိုက်ခိုက်မှုအတွင်း စစ်သားနဲ့ ရဲ (၁၈) ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့မှာ ပြောပါတယ်။

read more

မြောက်ဦး၊ ဒီဇင်ဘာ (၂၅) ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့က ရှေးဟောင်း အမွေအနှစ် ယဉ်ကျေးမှုတွေရှိတဲ့ မြောက်ဦးပြတိုက်ဟာ စစ်ကောင်စီ ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျရောက်ခဲ့လို့ ယဉ်ကျေးမှုပြတိုက် ပျက်စီးသွားပြီ ဖြစ်တယ်လို့ သိရပါတယ်။

read more

ရန်ကုန်၊ ဒီဇင်ဘာ (၁၉) မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ကျီးကန်-မှတ်ခရာကျေးရွာမှာရှိတဲ့ စစ်ကောင်စီရဲ့ စီးပွားရေးလုပ်ငန်းတွေထဲက တစ်ခုဖြစ်တဲ့ Mytel တာဝါတိုင်ကို ဒီဇင်ဘာ (၁၈) ရက် နေ့လည်က မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ နွားထိုးကြီးPDF ကပြောပါတယ်။

read more

ရန်ကုန်၊ ဒီဇင်ဘာ (၁၉) စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လူးမြို့မှာ စစ်ကောင်စီထောင်ထားတဲ့ မြေမြှုပ်မိုင်း (၃၀) ကို ရှင်းလင်းနိုင်ခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ကပြောပါတယ်။

read more

ဆမီး၊ ‌ဒီဇင်ဘာ (၁၇) ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အရှေ့ဘက်ခြမ်းမှာရှိတဲ့ ဆမီးမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်နေလို့ ဒေသခံအားလုံးနီးပါး တိမ်းရှောင်ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

read more

ရန်ကုန်၊ ဒီဇင်ဘာ (၁၇) စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာအကျဉ်းထောင်ကို အသစ်ရောက်ရှိလာတဲ့ ဦးစီးအရာရှိ တင်အောင်ဆန်းဝင်းနဲ့ ဇော်မြင့်ဦး ဟာ မတရားဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်နေတာတွေကို ကန့်ကွက်တယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ ကပြောပါတယ်။

read more

ရန်ကုန်၊ ဒီဇင်ဘာ (၁၆) စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပါတ်မြို့ကို နယ်မြေရှင်းလင်းရေးလုပ်ချိန် အရာရှိတစ်ယောက် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်း (၁၀) လောင်းကျော်ကို တွေ့ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ နေ့လယ်မှာ ပြောပါတယ်။

read more

မူဆယ်၊ ဒီဇင်ဘာ (၁၆) ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ ၁၀၅ မိုင် ဗျူဟာကုန်းမှာ စစ်ကောင်စီဆီက သိမ်းဆည်းရမိထားတဲ့ တင့်ကားနှစ်စီးကို နောက်ခံထားပြီး ရက္ခိုင့်တပ်တော် AA ရဲ့ အလံလွှင့်တင်ထားတဲ့ပုံကို ဗိုလ်ချုပ်ထွန်းမြတ်နိုင် က သူရဲ့ twitter လူမှုကွန်ရက်ကတစ်ဆင့် ဒီနေ့ နေ့လယ်မှာ ပြည်သူတွေကို အသိပေးလိုက်ပါတယ်။

read more