ရန်ကုန်၊ ဒီဇင်ဘာ (၂) ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ (၈) ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနဲ့ ၄၁ လမ်းထိပ်မှာ ငွေသိန်းတစ်ထောင်ကျော် လုယက်ဓါးပြတိုက်မှု ဖြစ်ခဲ့တယ်လို့ ဒေသခံပြည်သူတွေက C8 News ကို ပြောပါတယ်။

read more

ရခိုင်၊ဒီဇင်ဘာ(၁) ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် တိုင်းဗဟို ၉ စစ်ကောင်စီတပ်စခန်းကနေ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတာကြောင့် မင်းပြားမြို့နယ်၊ အိုးပုံတောင်ကျေးရွာက အသက် ၂ နှစ် အရွယ် ကလေးတစ်ယောက် အပါအဝင် အရပ်သားပြည်သူ ၄ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ညီနောင်မဟာမိတ် သုံးဖွဲ့က နိုဝင်ဘာ ၃၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

read more

ရန်ကုန်၊ဒီဇင်ဘာ(၁) ဦးသိန်းညွန့် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီပါတီသစ် ရဲ့ ဥက္ကဌ ဦးသန်းထွန်း ဒီနေ့မနက်ပိုင်းမှာ သေနတ်ပစ်ခံရလို့ သေဆုံးသွားပြီ ဖြစ်တယ်လို့ သိရပါတယ်။

read more

ရန်ကုန်၊ဒီဇင်ဘာ(၁) ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ အာဏာသိမ်းစစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်တွေ နှစ်ဖက်တိုက်ပွဲပြင်းထန်နေလို့ ဒီနေ့မနက်က စစ်ကောင်စီရုံးတွေ မီးလောင်ပျက်စီးခဲ့ပြီး နှစ်ဖက်ပစ်ခတ်တာတွေကြောင့် ဒေသခံပြည်သူတွေအနေနဲ့ ဘေးလွတ်ရာမှာ ပုန်းအောင်းနေရတယ်လို့ သိရပါတယ်။

read more

ရခိုင်၊ ဒီဇင်ဘာ(၁) စစ်ကောင်စီက ရခိုင်ပြည်နယ်ကို နိုဝင်ဘာ ၁၃ ရက်နေ့ကစပြီး ကုန်းလမ်း၊ ရေကြောင်းလမ်းတွေ ပိတ်ဆို့ထားလို့ မကြာခင်ကာလမှာ ရိက္ခာပြတ်လပ်တော့မယ့် အခြေအနေနဲ့ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

read more

ရန်ကုန်၊ နိုဝင်ဘာ (၃၀) စစ်ကောင်စီက ရေကြောင်း၊ လေကြောင်းတွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ လေကြောင်း ဒရုန်း၊ တိုက်လေယာဉ်တွေနဲ့ အချိန်မရွေးတိုက်ခိုက်နေလို့ လက်နက်အန္တရာယ်တွေကို ကြိုတင်ကာကွယ်နိုင်ဖို့ လိုက်နာရမယ့် အချက်တွေကို အေအေက ဒီနေ့မှာ အသိပေးပြောကြားပါတယ်။

read more

ရန်ကုန်၊နိုဝင်ဘာ(၃၀) မြန်မာနိုင်ငံဟာ ပါတီစုံဒီမိုကရေစီစနစ်ကို သွားနေတဲ့နိုင်ငံဖြစ်ပါတယ်၊ ပါတီစုံဒီမိုကရေစီစနစ်ကို ပြည်သူကတောင်းဆိုတဲ့အတွက် တပ်မတော်က ဖော်ဆောင်ပေးနေတာ ဖြစ်တယ်ပြီး အခုမှ လုပ်ဆောင်နေတာ မဟုတ်ဘူးလို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောပါတယ်။ မနေ့က နေပြည်တော်မှာ လုပ်တဲ့ အုပ်ချုပ်ရေးကောင်စီအစည်းအဝေးမှာ သူကပြောကြားခဲ့တာပါ။

read more

ရန်ကုန်၊နိုဝင်ဘာ(၃၀) ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ရေဇွာမြို့ကို လေးရက်ကြာ တိုက်ခိုက်ခဲ့ပြီးနောက် မနေ့က(နိုဝင်ဘာ၂၉) ရက်မှာ အလုံးစုံသိမ်းပိုက်ရရှိခဲ့တယ်လို့ Chinland Defence Force – Zotung – CDF- Zotung ဆီကသိရပါတယ်။

read more

ရန်ကုန်၊နိုဝင်ဘာ(၃၀) ရှမ်းပြည်မြောက်ပိုင်း၊ လောက်ကိုင် ဒကစလက်အောက်ခံ ခလရ ၁၂၅ တပ်ရင်းက စစ်သား(၂၀၀) နဲ့မိသားစုဝင်တွေ အစုလိုက်အပြုံလိုက် အလံဖြူထောင် အလင်းဝင်ခဲ့တယ်လို့ MNDAA သတင်းနဲ့ပြန်ကြားရေးဆီက သိရပါတယ်။

read more

ရန်ကုန်၊ နိုဝင်ဘာ (၃၀) ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်နေလို့ စာသင်ကျောင်းအများစု ပိတ်ထားရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပေမယ့် ပုံမှန်အတိုင်း ကျောင်းပြန်တက်ဖို့ အခြေခံပညာရေး၀န်ထမ်း ဆရာ၊ ဆရာမတွေကို ရခိုင်ပြည်နယ် ပညာရေးမှူး ဦးဘထွီးစိန် ကဖိအားပေးနေပါတယ်။

read more