ရန်ကုန်၊ စက်တင်ဘာ (၂၆) ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်က ရာအိမ်မှူး မင်းထွန်း ဒီနေ့ညက သေနတ်နဲ့ ပစ်ခတ်ခံရလို့ နေရာမှာပဲ သေဆုံးခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။

read more

ရန်ကုန်၊ စက်တင်ဘာ (၂၆) စစ်ကောင်စီလက်အောက်ခံ ခလရ ၂၆၉ တပ်ရင်းက တပ်သား ဟိန်းထက်ကိုကို လက်နက်နဲ့အတူ PDF Zoland ဆီမှာ အလင်းဝင်ခဲ့တယ်လို့ သိရပါတယ်။

read more

မုံရွာ၊ စက်တင်ဘာ (၂၆) စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ သာစည်ကျေးရွာက အကျည်းထောင်နဲ့ ရဲကင်း ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က (၁၀) ယောက်ကျော် သေဆုံးခဲ့တယ်လို့ Snipe Rangers Force က ပြောပါတယ်။

read more

ရန်ကုန်၊ စက်တင်ဘာ (၂၀) ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊ ၁၀၇ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ဦးကြည်ထွန်း နဲ့ ရာအိမ်မှူး ဦးဆွေမြင့်အောင် တို့ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။

read more

ရန်ကုန်၊ စက်တင်ဘာ (၁၉) အခုစက်တင်ဘာလအတွင်း ရေဘေးကြောင့် သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေကို လျော်ကြေးပေးမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကပြောပါတယ်။

read more

တနင်္သာရီ၊ စက်တင်ဘာ (၁၉) တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ လသာရွာနဲ့ နယ်ခြားရွာမှာ မနေ့ ညနေပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တနင်္သာရီရိုးမပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။

read more

ရန်ကုန်၊စက်တင်ဘာ(၁၆) မြန်မာနိုင်ငံအတွင်းက ပြည်သူတွေအဆိုးရွားဆုံး ရေဘေးဒဏ်ခံနေရချိန်မှာ အာဏာသိမ်း ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း က နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေကြီးရေလျှံမှုတွေကို လိုက်လံစစ်ဆေးခဲ့ပြီး ဆေးရုံမှာတက်ရောက် ကုသနေသူတွေကို သွားရောက်ကြည့်ရှု့ခဲ့တယ်လို့ စစ်ကောင်စီဘက်က ဖော်ပြထားပါတယ်။

read more

ရန်ကုန်၊ စက်တင်ဘာ (၁၅) စစ်ကောင်စီအနေနဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့၊ မတရားဖမ်းဆီးထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ပေးဖို့၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို လိုအပ်နေတဲ့သူတွေကို အကူအညီပေးအပ်ဖို့ နဲ့ ပြည်သူတွေရဲ့ ဆန္ဒကို လေးစားတန်ဖိုးထားဖို့ လိုတယ်လို့ အမေရိကန်သံရုံးရန်ကုန် က ဒီနေ့မှာ တောင်းဆိုလိုက်ပါတယ်။

read more

ရန်ကုန်၊ စက်တင်ဘာ (၁၄) ပြည်ပနိုင်ငံတွေရဲ့ အကူအညီ ကယ်ဆယ်ရေးနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ အမြန်ဆုံးရရှိဖို့ အမြန်ဆုံးချိတ်ဆက် လုပ်ဆောင်ပေးမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကပြောပါတယ်။

read more

မန္တလေး၊ စက်တင်ဘာ (၁၁) မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်စစ်ကြောင်း (၁) နယ်မြေအတွင်းမှာ စက်တင်ဘာ (၉) ရက်နဲ့ စက်တင်ဘာ (၁၀) ရက်နေ့တွေက နှစ်ရက် ဆက်တိုက် တိုက်ပွဲဖြစ်ပြီးနောက် နယ်မြေရှင်းလင်းရေးလုပ်ချိန်မှာ G-3 သေနတ် တစ်လက်နဲ့ 7.62 ကျည် ၁၂ တောင့်ကို သိမ်းဆည်းရရှိခဲ့တယ်လို့ Myingyan Black Tiger (MBT) က ဒီနေ့မှာ ပြောပါတယ်။

read more