ရန်ကုန်၊မေ(၁၀) စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်ထဲမှာ မနေ့(မေ၉)ရက် မနက်ပိုင်းက ဈေးဝယ်ထွက်လာတဲ့ စစ်အုပ်စုကို ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်သား(၁)ယောက်သေပြီး၊ သေနတ်(၁)လက်ရရှိခဲ့တယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHUPDF) ဆီက သိရပါတယ်။

read more

ရန်ကုန်၊မေ(၁၀) ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (၂)ရပ်ကွက်၊ သုဓမ္မာလမ်း ဈေးထိပ်မှာ မနေ့(မေ၉)ရက် ညနေပိုင်းက အမျိုးသားတယောက် ခန္ဓာကိုယ်အပူချိန် မြင့်တက်ကာ လဲကျသတိလစ်ခဲ့ပြီး ဆေးကုသပေးနေချိန် သေဆုံးခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအသင်းအဖွဲ့ဆီက သိရပါတယ်။

read more

ရန်ကုန်၊မေ(၁၀) စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာမှာရှိတဲ့ စစ်တပ်စခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက် စစ်သားနဲ့ ပျူစောထီး (၂၀) ထက်မနည်း သေဆုံးခဲ့တယ်လို့ KLG တပ်မဟာဆီက သိရပါတယ်။

read more

ရန်ကုန်၊ မေ (၈) စစ်ကောင်စီကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တဲ့အခါ အလှူငွေတစ်သိန်းအထက် ထည့်သူတွေရဲ့ နာမည် (သို့မဟုတ်) ကြိုက်နှစ်သက်တဲ့ နာမည်ကို ဗုံးသီးမှာ ချိတ်ဆွဲ တိုက်ခိုက်ပေးမယ်လို့ Falcon Wings က ပြောပါတယ်။

read more

ရန်ကုန်၊ ဧပြီ (၂၉) ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းတွေကို ရုရှားနဲ့ ပူးပေါင်းပြီး လုပ်ဆောင်သွားမယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

read more

ရန်ကုန်၊ဧပြီ(၂၉) စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှု စစ်ကောင်စီ သတင်းပေး တရားခံတွေကို ဖမ်းဆီးရမိပြီ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဒီနေ့မှာ ထုတ်ပြန် အသိပေးလိုက်ပါတယ်။

read more

ရန်ကုန်၊ ဧပြီ (၂၆) စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေလို့ ပြည်သူတွေ ဆင်းရဲဒုက္ခရောက်နေပေမယ့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က နေပြည်တော်မှာ ဘုရားတည်ဆောက်နေပါတယ်။

read more

ရန်ကုန်၊ ဧပြီ (၂၆) နိုင်ငံတကာအနေနဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေဟာ ခွင့်လွှတ်နိုင်စရာ မရှိတဲ့ အတွက် အရေးယူသင့်ကြောင်းနဲ့ အကြမ်းဖက်မှုကို ရှုံ့ချကြောင်း ပြောကြားလာတာတွေ တွေ့ရပေမယ့် အခုချိန်ဟာ အရေးယူသင့်ကြောင်း၊ ရှုံ့ချသင့်ကြောင်းတွေပဲ ပြောနေကြရတော့မယ့် အချိန်မဟုတ် တာတော့ သေချာနေပြီ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ထောက်ပြ ပြောဆိုခဲ့ပါတယ်။

read more

ရန်ကုန်၊ ဧပြီ (၂၅) စစ်ကောင်စီအဖွဲ့က ဒီနေ့ မနက်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်ဘက်ကို စစ်ကြောင်းထိုးချိန် ပြည်သူတစ်ဦးကို ပစ်ခတ် သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

read more

ရန်ကုန်၊ ဧပြီ (၂၅) ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာဘန်ကီမွန်း နဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွေ့ဆုံချိန် မြန်မာနိုင်ငံမှာ နောက်ဆုံး ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အပြန်အလှန် အမြင်ချင်းဖလှယ် အပြုသဘောဆောင် ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီပြန်ကြားရေး အဖွဲ့က ပြောပါတယ်။

read more