ရန်ကုန်၊ မတ် (၁၇) ပြည်သူလူထုနဲ့ နိုင်ငံတကာကအသိုင်းအဝိုင်းက လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေရဲ့ လုပ်ဆောင်ချက်တွေ အပေါ် စိုးစဉ်းမျှ သံသယဝင် အမြင်စောင်းလို့ မရဘူးဆိုတာ အားလုံးသိရှိနားလည်ပြီးသား ဖြစ်မှာပါလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က သတိပေး ပြောကြားလိုက်ပါတယ်။

read more

ရန်ကုန်၊ မတ် (၁၇) ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းဒေသ၊ နမ်းနိန်းကျေးရွာ အနောက်ဘက်မှာရှိတဲ့ တောင်ကုန်းဒေသတစ်ကြောမှာ မနေ့ မနက်က စတင်ကာ နေ့လည်အထိ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

read more

ရန်ကုန်၊မတ်(၁၆) တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ ခမရ (၃၄၂) တပ်ရင်းရှေ့မှာ ပျူစောထီးအဖွဲ့ဝင်ဆိုသူ ဦးကျော်မိုးခိုင် ကို မနေ့(မတ်၁၅) ရက်ညပိုင်းမှာ အမည်မသိသူတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားပြီ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

read more

ရန်ကုန်၊ မတ် (၁၅) စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အခုနောက်ပိုင်း ကာလတွေမှာ ပြည်သူတွေကို အညှိုးကြီးကြီး ဒုက္ခတွေ ပိုပေးလာတာ တွေ့ရလို့ ပြည်သူတွေအတွက် အကာအကွယ်ပေးနိုင်သမျှ ကြိုးစားလုပ်ဆောင်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ကတိပေး ပြောကြားလိုက်ပါတယ်။

read more

ရန်ကုန်၊ မတ် (၁၄) မွန်ပြည်နယ်၊ ဇင်းကျိုက်မြို့၊ ဖလပ်ရပ်ကွက်က အုပ်ချုပ်ရေးမှူး ဦးကျော်စိုးမိုး ဒီနေ့ နေ့လယ်က သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရလို့ သေဆုံးသွားပြီ ဖြစ်တယ်လို့ ဒေသခံပြည်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

read more

ရန်ကုန်၊ မတ် (၁၄) အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူတွေရဲ့ အသက်ကိုပဲ ထုတ်ယူလို့ရမယ့် ပြည်သူတွေရဲ့ တော်လှန်ရေး စိတ်ဓာတ်ကိုတော့ မချိုးနှိမ်နိုင်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ က ဒီနေ့မှာ ပြောပါတယ်။

read more

ရန်ကုန်၊ မတ် (၁၃) ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ အခုထက်ပိုပြီး မြန်မာပြည်သူလူထုကို ထိထိရောက်ရောက် ကူညီ ကာကွယ်ပေးဖို့ လိုတယ်လို့ ယူကေနိုင်ငံ သံအမတ်ကြီး Barbara Woodward က ပြောပါတယ်။

read more

ရန်ကုန်၊ မတ် (၁၄) နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာပြည်သူတွေရဲ့ အသံတွေကို နားထောင်ဖို့ လိုအပ်သလို တောင်းဆိုချက်တွေကို လေးလေးနက်နက် အာရုံထားပေးဖို့လိုတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က တိုက်တွန်းပြောဆိုလိုက်ပါတယ်။

read more

ရန်ကုန်၊ မတ် (၁၄) ရှမ်းပြည်နယ်တောင်ပိုင်း ဒေသတချို့မှာ နယ်မြေရှင်းလင်းရေး၊‌ ဒေသခံပြည်သူလူထုတွေရဲ့ လုံခြုံရေး နဲ့ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုတွေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

read more

ရန်ကုန်၊ မတ် (၁၂) တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်၊ ဝိုင်းဒင်ကျေးရွာအနီး မတ် (၄) ရက်နေ့က ဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က စစ်ကြောင်းမှူး မြစ်ချောင်း အပါအဝင် စုစုပေါင်း ရဲဘော် (၉) ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

read more