ရန်ကုန်၊ မတ် (၉) အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို နေ့စဉ်ရင်ဆိုင်ကြုံတွေနေရတဲ့ မြန်မာပြည်သူတွေအနေနဲ့ သူတို့ရဲ့ အသက်အိုးအိမ်ကို ကယ်တင်ပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုခဲ့ပေမယ့် ဒီနေ့အထိ အကူအညီ မရရှိဘူးလို့ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ထောက်ပြ ပြောဆိုလိုက်ပါတယ်။

read more

ရန်ကုန်၊ မတ် (၈) ရှေ့တန်းစစ်မြေပြင်မှာ နှစ်ရက်အတွင်း ရဲဘော်နှစ်ဦး သေဆုံး ခဲ့တယ်လို့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့က အသိပေးပြောကြားလိုက်ပါတယ်။

read more

ရန်ကုန်၊ မတ် (၈) ကချင်ပြည်နယ်၊ မိုင်းညှင်းမြို့နယ် ရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက မနေ့ မနက် (၅) နာရီဝန်းကျင်က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

read more

ရန်ကုန်၊ မတ် (၈) စစ်တပ်က အာဏာသိမ်းမှုပြုလုပ်ခဲ့တဲ့ ကာလတစ်လျှောက်မှာ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေရဲ့ အခြေခံအခွင့်အရေးတွေကို အလွဲသုံးစားပြုခြင်းခံနေရသလို ချိုးဖောက်ခံနေရတယ်လို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

read more

ရန်ကုန်၊ မတ် (၆) ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ကမ္ဘာသစ်ဆီဆိုင်ရှေ့မှာ မနေ့ နေ့လည်ပိုင်းက ဖုန်းလုယက်သူတွေဟာ အမျိုးသမီးတစ်ဦးရဲ့ ဦးခေါင်းကို ဓားနဲ့ခုတ်မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ “ဖုန်းလုယက်ခံရပြီး လုယူသူများမှ အမျိုးသမီး၏ ဦးခေါင်းအား ဓားဖြင့်ခုတ်၍ ထွက်ပြေးသွားကြောင်း သတင်းရရှိသဖြင့် ၊ သွေးထွက်လွန်နေသော အမျိုးသမီးအား လိုအပ်သော ဆေးကုသမှုပေး၍ လှိုင်သာယာပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ကူညီပေးခဲ့” တယ်လို့ သူတို့က ပြောပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့အတွင်းက မြို့နယ်တွေမှာ ညပိုင်းတွေတင်သာမက နေ့လယ်ခင်းတွေမှာပါ လုယက်မှုတွေ မကြာခဏ ဖြစ်နေတာပါ။

read more

ရန်ကုန်၊ မတ် (၆) ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၂) က ရဲဘော်မြတ်သူအောင် ဟာ မတ်လ (၂) ရက်နေ့က တိုက်ပွဲဝင်းရင်း ရှေ့တန်းတစ်နေရာမှာ ကျဆုံးသွားပြီဖြစ်တယ်လို့ သူတို့တပ်ဖွဲ့က ဒီနေ့မှာ အသိပေး ပြောကြားလိုက်ပါတယ်။

read more

ရန်ကုန်၊ မတ် (၆) မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့ကို ရိက္ခာသယ်လာတဲ့ စစ်ကောင်စီအဖွဲ့နဲ့ ပျူစောထီးအဖွဲ့ကို PDF တွေက ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က (၆) ဦး သေဆုံးခဲ့တယ်လို့ မြိုင်ကျေးရွာ တော်လှန်ရေးတပ်ဦး က ဒီနေ့မှာ ပြောပါတယ်။

read more

ရန်ကုန်၊ မတ် (၃) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဦးဖြိုးမင်းသိန်း၊ ဒေါ်စန္ဒာမင်း၊ ဦးတိုးလွင်နဲ့ ဦးဝင်းမြင့်အောင် တို့ (၄) ဦးကို ပါတီကနေထုတ်ပယ်လိုက်ပြီ ဖြစ်တယ်လို့ ဒီနေ့ မှာ ထုတ်ပြန်လိုက်ပါတယ်။

read more

ရန်ကုန်၊မတ်(၃) စစ်ကောင်စီအဖွဲ့ဆီ အညံ့ခံထားတဲ့ PDF တပ်ဖွဲ့ဝင်ဟောင်း အောင်မျိုးမြတ် သေနတ်ပစ်ခံရလို့ သေဆုံးသွားပြီ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

read more

ရန်ကုန်၊ မတ် (၃) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ USDP ရဲ့ အဖွဲ့ဝင်ဟောင်း ဦးမြညိမ်း ရဲ့ နေအိမ် နဲ့ မုဆိုးမအိမ်ရာကြားမှာရှိတဲ့ တံတားအနီးက စစ်ဆေးရေးဂိတ်ကို ဖောက်ခွဲတိုက်ခိုက်တာ သူတို့ဖြစ်တယ်လို့ စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့ (နေပြည်တော်) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်ထရယ်ဂွန် က ဒီနေ့မှာ အသိပေးပြောကြားလိုက်ပါတယ်။

read more