ရန်ကုန်၊ မတ် (၂၀) စစ်ကောင်စီရဲ့ အကြီးမားဆုံး ဒေါက်တိုင်တွေဖြစ်တဲ့ အုပ်ချုပ်ရေးမှူးတွေ၊ ပျူစောထီးတွေ အနေနဲ့ လက်နက်ခဲ့ယမ်းတွေကို စွန့်လွတ်ပြီး စစ်ကောင်စီကို အားပေးကူညီတာ လုံးဝမပြုလုပ်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(ပုလော) PPDF က သတိပေးပြောဆိုလိုက်ပါတယ်။

read more

ရန်ကုန်၊မတ်(၂၀) ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အမှတ်(၆)ရပ်ကွက်။ ပီမီုးနင်းလမ်းပေါ်မှာ မနေ့ညကပိုင်းက လှည့်ကင်းလှည့်ဖို့ လူစုနေတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ သတင်းပေးလမ်းပြအဖွဲ့ ဗုံးပစ်တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

read more

ရန်ကုန်၊ မတ် (၁၉) စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တစ်ရက်ကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ပြည်သူတွေရဲ့ အိမ်ပေါင်း အနည်းဆုံး (၄၈) လုံးကို မီးရှို့ဖျက်ဆီးနေတယ်လို့ တူမီး – တော်လှန်ရေး စာစဉ် က ဒီနေ့မှာ ပြောပါတယ်။

read more

ရန်ကုန်၊မတ်(၁၉) ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ် မြို့မရဲစခန်း၊ လျှပ်စစ်ရုံး၊ သစ်တောဂိတ် တွေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး လှဘီလူးကျေးရွာ ဒလန်ဆိုပြီး နာမည်ကြီးနေတဲ့ အမျိုးသားတစ်ဦး ကို မနေ့ကပစ်ခတ်ခဲ့ရလို့ သေဆုံးခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

read more

ရန်ကုန်၊ မတ် (၁၉) နွေဦးတော်လှန်ရေးကာလအတွင်း မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို အကြမ်းဖက် စစ်အုပ်စုက လက်နက်နဲ့ အင်အားသုံးပစ်ခတ်ကာ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခဲ့တဲ့ အကြမ်းဖက် ဖြိုခွင်းမှုလို့ သတ်မှတ်ပြီး လူ့ကျင့်ဝတ်၊ လူ့အခွင့်အရေးနဲ့ ဆန့်ကျင်တဲ့ လုပ်ရပ်ဖြစ်လို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု GSCB က ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချပါတယ်။

read more

ရန်ကုန်၊ မတ် (၁၇) စစ်ကောင်စီတပ်တွေက ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်းက နေရာအများစုကို လေကြောင်းကနေ တိုက်ခိုက်နေသလို လက်နက်ကြီးတွေ အလွန်အကျွံသုံးပြီး တိုက်ခိုက်နေလို့ ပြည်သူ (၇၀၀) ကျော်က အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး က ပြောပါတယ်။

read more

ရန်ကုန်၊ မတ် (၁၇) တပ်မတော်သားတွေအနေနဲ့ ပြည်သူ့ဘက်တော်သား အဖြစ် လက်နက်အပြည့်အစုံနဲ့ လာရောက်ရောက် ပူးပေါင်းပါက လုံခြုံရေးကို အထူးအာမခံပေးမှာဖြစ်သလို ငွေကျပ်သိန်း (၃၀) ကိုလည်း ချီးမြှင့်မှာ ဖြစ်တယ်လို့ တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ တာဝန်ခံ ဂျူပီတာ က ပြောပါတယ်။

read more

ရန်ကုန်၊ မတ် (၁၇) ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင် အမှတ် (၁) တံတားအဆင်း သန်လျင်ဘက်အခြမ်းမှာ တံတားလုံခြုံရေး တာဝန်ယူထားတဲ့ စစ်ကောင်စီအဖွဲ့ဝင် (၂၀) ဦးကျော် ရှိနေတဲ့ မနေ့ ည (၇) နာရီ (၁၄) မိနစ်အချိန်က ဘန်ကာအတွင်းကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မြို့ပြပျောက်ကြား Dark Shadow (YGN) တပ်ဖွဲ့က ပြောပါတယ်။

read more

ရန်ကုန်၊ မတ် (၁၆) စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ကလေးအကျဉ်းထောင် အတွင်းမှာ မနေ့ညနေပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့လို့ ထောင်အတွင်း သေဆုံးသူတွေရှိခဲ့တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

read more

ရန်ကုန်၊ မတ် (၁၅) ပြည်သူတွေဆီက မီတာခ ကောက်ခံနေတဲ့ မန္တလေးတိုင်းဒေသကြီး၊ မြို့သာမြို့ လျှပ်စစ်ရုံးကို မနေ့ည (၇) နာရီခွဲက ဗုံးခွဲသတိပေးခဲ့တယ်လို့ မြောင်မြို့နယ် T.G.R – ပြည်သူ့ကာကွယ်ရေးတပ်က ပြောပါတယ်။

read more