ရန်ကုန်၊ ဇန်နဝါရီ (၃၀) ကချင်ပြည်နယ် အတွင်းမှာ မူးယစ်ဆေးဝါးတွေ ရောင်းဝယ်၊ ဖောက်ကား၊ သယ်ဆောင်၊ သုံးစွဲတာ နဲ့ စိုက်ပျိုးထုတ်လုပ်တာတွေ လုံးဝ(လုံးဝ) မပြုလုပ်ရဘူးလို့ ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် KIO အစိုးရ က ဒီနေ့မှာ သတိပေးပြောကြားလိုက်ပါတယ်။ စစ်ဘေးရှောင်ပြည်သူတွေ နဲ့ ဒေသခံပြည်သူတွေရဲ့ ခွင့်ပြုချက်မရရှိဘဲ လယ်ယာမြေ၊ ဥယျာဉ်မြေတွေကို ရွှေတူးဖော်တာတွေ လုံးဝ(လုံးဝ) မပြုလုပ်ဖို့ကိုလည်း ဒီနေ့ထုတ်ပြန်ချက်မှာ ထည့်သွင်းကြေညာထားပါတယ်။ မြစ်ကြီးနားခရိုင် အုပ်ချုပ်ရေးရုံးတွေက ပိတ်ပင်ထားတဲ့ Myanmar Beer, Dagon Beer တွေ စတဲ့ စစ်ကောင်စီ နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ ကို ပူတာအိုမြို့ အတွင်းက ဈေးဆိုင်တွေ အနေနဲ့ သယ်ယူ ရောင်းချတာတွေ မပြုလုပ်ဖို့ကိုလည်း KIO အစိုးရက တားမြစ်ထား…

read more

ရန်ကုန်၊ ဇန်နဝါရီ (၂၉) စစ်ကိုင်းတိုင်းဒေကြီး၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာ က အကြမ်းဖက်စစ်တပ် နဲ့ ပျူစောထီးသင်တန်း ပေးနေသူတွေ ကို ဒရုန်း နဲ့ ထပ်မံတိုက်ခိုက်ခဲ့ရာ (၅) ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ မနေ့ ညနေ (၄) နာရီဝန်းကျင် က အောင်ဆန်းတပ်ဖွဲ့ နဲ့ ပုလဲ ပ.က.ဖ မဟာမိတ်တပ်ပေါင်းစုတွေက တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲမှာ အကြမ်းဖက်စစ်တပ် က ကြောက်လန့်တကြား ရမ်းသမ်းပစ်ခတ်မှုတွေ ရှိခဲ့ပေမယ့် မိမိတို့ မဟာမိတ်ရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ အောင်ဆန်းတပ်ဖွဲ့ က ထုတ်ပြန်ထားပါတယ်။ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာ မှာ အကြမ်းဖက်စစ်တပ် က အခြေပြုတပ်စွဲကာ ပျူစောထီးသင်တန်းပေးနေ လို့ ဇန်နဝါရီလ (၂၈) ရက်နေ့ကလည်း ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေက…

read more

ရန်ကုန်၊ဇန်နဝါရီ(၃၀) အာဆီယံဥက္ကဌ က ခန့်အပ်တဲ့ အထူးကိုယ်စားလှယ် နဲ့ မြန်မာနိုင်ငံ ရဲ့ အခြေအနေအပေါ်မူတည်ပြီး လက်နက်ကိုင်အဖွဲ့ အစည်းတွေအပါအဝင် သက်ဆိုင်သူအားလုံး ကို တွေ့ဆုံခွင့်ပေးမှာ ဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံ က၂၀၂၂ ခုနှစ်အတွက် အာဆီယံဥက္ကဌ အဖြစ် တာဝန်ယူဆောင်ရွက်မှာ ဖြစ်ပြီး အာဆီယံဥက္ကဌ ရဲ့ အထူးကိုယ်စားလှယ်အဖြစ် ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေး နဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ပရတ်ဆုတ်ခွန်း ကို ခန့်အပ်ဖို့ အဆိုပြုပြီးနောက် စစ်ကော်စီ က အခုလိုကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အထူးကိုယ်စားလှယ် အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ နဲ့ ပြုလုပ်မယ့် အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆွေးနွေးပွဲတွေ ကို တက်ရောက်နိုင်မှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ ကမ္ဘောဒီးယား…

read more

ရန်ကုန်၊ဇန်နဝါရီ(၂၉) မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပြဿနာတွေဟာ ကြီးမားလေးနက်ပေမယ့် နိုင်ငံတကာအသိုင်းအဝိုင်း အနေနဲ့ အရေးတကြီး ဆောင်ရွက်ရမယ့် ကိစ္စလိုမျိုး သဘောမထားခဲ့သလို စစ်တပ်ကအာဏာသိမ်းတာ ကို တစ်ကမ္ဘာလုံးက ဝေဖန်အပြစ်တင်ရုံကလွဲပြီး ထိထိရောက်ရောက် မဆောင်ရွက်ခဲ့ဘူးလို့ ကုလလူ့အခွင့်အရေးမဟာမင်းကြီး မစ်ချဲလ် ဘက်ချလက် က ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံ မှာ စစ်တပ်က အဓမ္မအာဏာသိမ်းယူခဲ့တာ တစ်နှစ်ပြည့်မြောက်ဖို့ ရက်ပိုင်းအလိုမှာဘဲ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်နာမင်းကြီး က အခုလိုပြောဆိုလိုက်တာပါ။ “စစ်တပ်က အရပ်သား၊ ပြည်သူလူထုကို အကြမ်းဖက်တိုက်ခိုက်နေတာတွေကို ရပ်တန့်ပြီး အရပ်သားအစိုးရ လက်ထဲကို အာဏာပြန်လည် ရောက်ရှိနိုင်ရေးအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက ဖိအားပေးဖို့လိုအပ်တယ်” လို့ သူက ပြောပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ နဲ့ အာဆီယံအဖွဲ့တွေ အနေနဲ့ စစ်ခေါင်းဆောင်တွေ ကို နားချခဲ့တာလည်း ဒီလောက်နဲ့…

read more

ရန်ကုန်၊ဇန်နဝါရီ(၂၉) မြန်မာနိုင်ငံ မှာ စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်ဖို့ သဘာဝသယံဇာတ အရင်းအမြစ်တွေရှိနေပြီး မျိုးကောင်းမျိုးသန့်တွေ နဲ့ ထုတ်လုပ်မှုဆိုင်ရာ နည်းပညာတွေ ကို ပူးပေါင်းလိုက်မယ်ဆိုပါက နိုင်ငံတော်အစိုးရ ရဲ့ မူဝါဒရည်မှန်းချက်ဖြစ်တဲ့ စားရေရိက္ခာပေါများပြီး လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံဖြစ်လာမှာကို ယုံကြည်တယ်လို့ စစ်ခေါင်းဆောင် က ပြောဆိုလိုက်ပါတယ်။ “မြန်မာနိုင်ငံလူဦးရေရဲ့ (၇၀) ရာခိုင်နှုန်း ဟာ ကျေးလက်ဒေသတွေမှာ နေထိုင်ကြပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ကို လုပ်ကိုင်နေကြတဲ့အတွက် စိုက်ပျိုး မွေးမြူရေး ကို အခြေခံတဲ့ စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကို အဓိက ထား ဆောင်ရွက်ကြဖို့ အရေးကြီး” လို့ မနေ့က နေပြည်တော် မှာ ကျင်းပတဲ့ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် မွေးမြူရေးတိရစ္ဆာန် ပြပွဲ၊ ပြိုင်ပွဲ မှာ…

read more

ရန်ကုန်၊ ဇန်နဝါရီ (၂၉) အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေက နေပြည်တော် မှာ Silent Strike (အသံတိတ်သပိတ်) ပြုလုပ်ခြင်း၊ လက်ခုပ်တီးခြင်း၊ သံပုံးတီးခြင်း၊ ကားဟွန်းတီးခြင်း စတာတွေ မပြုလုပ်ကြဖို့ လက်ကမ်းစာစောင်တွေ၊ အသံဖိုင်တွေ နဲ့ အသံချဲ့စက်တွေ ဖွင့်ပြီး လှည့်လည်သတိပေး၊ တားမြစ်တာတွေ ပြုလုပ်နေတယ်လို့ နေပြည်တော် ဒေသခံတွေ က ပြောပါတယ်။ CRPH၊ NUG၊ PDF နဲ့ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ကို မလိုလားတဲ့ အဖွဲ့အစည်းတွေ ကို အားထောက်ခံတဲ့ အနေနဲ့ ဈေးဆိုင်တွေ ပိတ်တာ၊ အစိုးရကို ဆန့်ကျင်တာတွေ ပြုလုပ်ပါက တည်ဆဲဥပဒေတွေ၊ နေပြည်တော်စည်ပင်သာယာရေး ဥပဒေ တွေအရ အရေးယူသွားမှာ ဖြစ်တယ်လို့ လိုက်လံအသိပေး ကြေငြာခြင်းတွေ လုပ်ဆောင်နေပါတယ်။ လာမယ့် ဖေဖော်ဝါရီလ…

read more

ရန်ကုန်၊ ဇန်နဝါရီ (၂၉) ဖယ်ခုံ PDF က ဒီနေ့ မနက်ပိုင်းက ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့ ၊ ကုန်းဆုံကျေးရွာ၊ ထိုင်တော်မူဘုရား အနီးက ကင်းစခန်းတစ်ခု ကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲဖြစ်ပွားချိန် (၃) နာရီနီးပါးကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀) ဦးထက်နည်း သေဆုံးခဲ့သလို အများအပြားထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ PDF Pekhon ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ စစ်ကောင်စီဘက်က တိုက်ပွဲဖြစ်ပွားနေချိန်အတွင်းမှာ တိုက်လေယာဉ် (၂) စီး နဲ့ လာရောက်ဗုံးကြဲပစ်ခတ်ခဲ့တဲ့အတွက် PDF Pekhon (၂) ဦးလည်း ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။

read more

ရန်ကုန်၊ ဇန်နဝါရီ (၂၉) မြန်မာနိုင်ငံအတွင်းက နိုင်ငံရေးပါတီတွေ အနေနဲ့ သွေးခင်းလမ်းက နိုင်ငံရေးပါတီတွေ လျှောက်ရမယ့် လမ်းမဟုတ်ဘူးလို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ဥက္ကဋ္ဌ ဦးသန်းဋ္ဌေး က သတိပေးပြောကြားလိုက်ပါတယ်။ နိုင်ငံရေး မှာ အနိုင်ရလိုမှုတစ်ခုထဲအတွက် အမှားပေါ် အမှားထပ်ပြီး အလုံးစုံပျက်စီးတာ ကို ရောက်တတ်တယ်ဆိုတာ မျက်ဝါးထင်ထင်တွေ့ကြပြီ ဖြစ်တယ်လို့ မနေ့က ပြုလုပ်ခဲ့တဲ့ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) တိုင်းဒေသကြီးပါတီ ကော်မတီရွေးချယ်ပွဲ မှာ သူက အခုလို ပြောကြားခဲ့ပါတယ်။ “ဒီမိုကရေစီ နည်းလမ်းတကျလို့ ဆိုပြီး မဲပေးရွေးချယ်တိုင်းလည်း အလုံးစုံမှန်ကန် ကောင်းမွန် သင့်တော်တာ မဟုတ်ဘူး” လို့ သူက ပြောပါတယ်။ နိုင်ငံရေးပါတီတွေ အနေနဲ့ မိမိတို့လူ့အဖွဲ့အစည်းအကျိုး ကို ရှေးရှုတဲ့ ရွေးချယ်မှု ပြုနိုင်တဲ့ မဲပေးသူ၊ လုပ်နည်းစနစ်၊…

read more

ရန်ကုန်၊ ဇန်နဝါရီ (၂၉) စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာ မှာ အခြေချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ် ကို မနေ့က ည (၈) နာရီဝန်းကျင်က ချဉ်းကပ် တိုက်ခိုက်ခဲ့တယ်လို့ အောင်ဆန်းတပ်ဖွဲ့ က ပြောပါတယ်။ တိုက်ပွဲဟာ အချိန်နာရီဝက်နီးပါးကြာခဲ့ပြီး အောင်ဆန်းတပ်ဖွဲ့၊ ပုလဲ ပကဖ၊ PRA၊ Chindwin Attack Force၊ သံမဏိတပ်ဖွဲ့၊ ပုလဲပြောက်ကျားတပ်ဖွဲ့တွေ က တိုက်ခိုက်ခဲ့ဖြစ်ပါတယ်။ မဟာမိတ် တပ်ပေါင်းစုအဖွဲ့က မြေပြင်၊ ဝေဟင် အင်အားသုံးတိုက်ခိုက်ခဲ့တာဖြစ်လို့ အကြမ်းဖက်စစ်သား အများအပြားထိခိုက်သေဆုံးနိုင်ပေမယ့် အရေအတွက်ကို အတည်မပြုနိုင်ဘူးလို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ အခြေချထားတဲ့ ဇီးဖြူကုန်းရွာ ဟာ ပျူစောထီးသင်တန်း ပေးနေတဲ့ ရွာတစ်ရွာလည်းဖြစ်ပါတယ်။

read more

ရန်ကုန်၊ဇန်နဝါရီ(၂၆) စစ်အာဏာသိမ်းတာ တစ်နှစ်ပြည့်တဲ့ ဖေဖော်ဝါရီလ(၁) ရက်နေ့ မှာ စစ်အာဏာရှင် အလိုမရှိကြောင်း ပြသတဲ့အနေ နဲ့ ပြည်သူတွေပြုလုပ်ကြမယ့် Silence Strike (အသံတိတ်သပိတ်) မှာ ပါဝင်သူတွေကို စစ်ကောင်စီအဖွဲ့က သူတို့ထုတ်ပြန်ထားတဲ့ အမိန့် ကြေညာချက်အမျိုးမျိုး နဲ့ အရေးယူဆောင်ရွက်မယ်လို့ မြဝတီမြို့အတွင်း မနေ့ကညနေမှာ လိုက်လံကြေညာခဲ့တယ်လို့ သိရပါတယ်။ “မနေ့ကညနေပိုင်းမှာ ရပ်ကွက်တွေမှာ ကားနဲ့လိုက်အော်တယ်၊ NUG /CRPH/PDF တွေ ဟာ အကြမ်းဖက် အဖွဲ့အစည်းတွေဖြစ်လို့ အဲ့အဖွဲ့တွေ ကို ထောက်ခံပြီး အသံတိတိသပိတ်မှာ ပါဝင်တဲ့ဆိုင်တွေ ကို စည်ပင်ဥပဒေ နဲ့ ဆိုင်တွေကိုပိတ်မယ်၊ လူတွေဆိုရင် သူတို့ထုတ်ထားတဲ့ အမိန့်တွေ နဲ့ အရေးယူမယ်ဆိုပြီး လိုက်ကြေညာတယ်” လို့ အမည်မဖော်လိုတဲ့ မြဝတီမြို့ခံတစ်ဦး က ပြောပါတယ်။…

read more