ရန်ကုန်၊ဇန်နဝါရီ(၁၀) အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အရေးပေါ်အခြေအနေ ကြေညာချက်ထုတ်ပြန်ပြီး စတုတ္ထမြောက် (၁) လအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်က သေဆုံး (၂၃၇၇) ဦး နဲ့ ထိခိုက်ဒဏ်ရာရရှိသူ (၆၀၅) ဦး ရှိခဲ့တယ်လို့ သိရပါတယ်။ ယာယီသမ္မတ ဒူဝါလရှီလ က ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် စက်တင်ဘာလ (၇) ရက်နေ့မှာ မြန်မာနိုင်ငံအတွင်း အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာခဲ့တာပါ။ အဲ့ဒီအခြေအနေဟာ တစ်နိုင်ငံလုံးသက်ရောက်မှာဖြစ်ပြီး ပြည်သူ့အုပ်ချုပ်ရေးအာဏာ ပြန်လည် ထူထောင်နိုင်တဲ့ အချိန်အထိ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ စစ်အုပ်စုက ပြည်သူလူထုအပေါ် တရားမဲ့ပြုကျင့်နေတာနေတွေနဲ့ အကြမ်းဖက် တိုက်ခိုက်နေတာတွေအတွက် ပြည်သူလူထုက (Peoples Defensive War) ပြည်သူ့ခုခံစစ် ပြန်လည်ဆင်နွှဲတိုက်ခိုက်နေပြီး အခုဖေါ်ပြတဲ့ စာရင်းတွေထက် မြေပြင်အခြေအနေမှာ ပိုပြီးများပြားနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။…

read more

ရန်ကုန်၊ ဇန်နဝါရီ (၁၀) အကြမ်းဖက် စစ်ကောင်စီ ရဲ့ လွိုင်ကော်အမြှောက်တပ် က မနေ့ည (၉) နာရီ ဝန်းကျင်မှာ လက်နက်ကြီး နဲ့ ပစ်ခတ်ခဲ့လို့ ကယားပြည်နယ်၊ နန်းမယ်ခုံမြို့၊ မြို့မရှမ်းရပ်ကွက် အတွင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အဲ့ဒီအသံကြားလို့ ပြည်သူတစ်ဦး နှလုံးရပ်သေဆုံး သွားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် – ဒီးမော့ဆိုမြို့နယ် ပြန်ကြားရေးတာဝန်ခံ က ပြောပါတယ်။ သေဆုံးသူ အမျိုးသမီး ဟာ အသက် (၅၅) နှစ်ရှိပြီ ဖြစ်ပါတယ်။ မနေ့ည (၉) နာရီဝန်းကျင်ကပဲ ဒီးမော့ဆိုမြို့နယ် ဘက်ကိုလည်း လွိုင်ကော်အမြှောက်တပ် က လက်နက်ကြီး တွေနဲ့ ပစ်ခတ်ခဲ့လို့ ဒေါငံခါးရပ်ကွက် က ပြည်သူပိုင်အိုးအိမ် တချို့ ပျက်စီးခဲ့ရတယ်လို့ ဒီနေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။…

read more

ရန်ကုန်၊ ဇန်နဝါရီ ၈ ကရင်ပြည်နယ်၊ ကော့ကရိတ် အခြေစိုက် အကြမ်းဖက် စစ်ကောင်စီတပ် ခမရ (၉၇) အမြှောက်တပ်က ဒီနေ့မနက် (၈) နာရီလောက်ကစပြီး လက်နက်ကြီး နဲ့ ရမ်းပစ်နေလို့ ဒေသခံပြည် (၇) ဦး ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်း အပါအဝင် နေအိမ်တချို့ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ “ဒီနေ့ မနက် (၈) နာရီလောက်ကနေ စပစ်နေတာ၊ ကော့ကရိတ်အပြင်ဘက် အာရှလမ်းမဘက်မှာ၊ လက်နက်ကြီး သံရော၊ အပြန်အလှန် ပစ်ခတ် သံရောပဲ။ ၉ နာရီ ကျော်လောက်အထိ ပစ်တယ်။ အဲအချိန်မှာ နည်းနည်း ငြိမ်သွားတယ်။ နောက်ပိုင်းတော့ ကျနော်လဲ မသိတော့ဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အကြမ်းဖက် စစ်ကောင်စီ က တပ်စခန်းရှိရာ နေပူခံကုန်း…

read more

ရန်ကုန်၊ ဇန်နဝါရီလ (၈) ကယားပြည်နယ်၊ လွိုင်ကော်မြို့ ကို စစ်ကောင်စီတပ်က ဒီနေ့ မနက်ပိုင်းကစတင်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပြီး လူနေအိမ်တချို့ကိုလည်း မီးရှို့ခံနေရတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲဘော်တစ်ယောက်တစ်ဦးက C8News မီဒီယာကို အတည်ပြုပြောကြားပါတယ်။ “ဒီနေ့ မနက်ထဲက ခုထိ KNDF ဘက်က ထိခိုက်မူ တစ်စုံတစ်ရာမရှိသေးပေမယ့် လူနေအိမ်တွေတော့ တောက်လျှောက်မီးရိူ့ခံနေရတယ်။ စစ်ကောင်စီ ဘက်က အကျအဆုံးတစ်ချို့ရှိပေမယ့် တိုက်ပွဲပြင်းထန်နေတဲ့တွက် အတိအကျကို အတည်မပြုနိုင်သေးဘူး”လို့ တိုက်ပွဲအတွင်း ရောက်ရှိနေတဲ့ ရဲဘော်တစ်ဦးက ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းကစတင်ပြီး ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ (၆) မိုင် က ဘော်ဒါဆောင် တစ်ခုမှာ စစ်ကောင်စီတပ်က အင်အား (၁၀၀) ဝန်းကျင် နဲ့ တပ်စွဲထားပြီး မနက်အစောပိုင်း လေးနာရီဝန်းကျင်…

read more

ရန်ကုန်၊ ဇန်နဝါရီ ၈ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ မြို့ရှောင်လမ်း ပေါ်မှာ မနေ့ည (၉) နာရီ က ဆိုင်ကယ်လေးစီး နဲ့ ကင်းလှည့်နေတဲ့ အကြမ်းဖက်လက်အောက်ခံအဖွဲ့ကို အစုလိုက်မိုင်း (၃) လုံးခွဲကာ တိုက်ခိုက်ခဲ့တယ်လို့ ပခုက္ကူ PDF က ပြောပါတယ်။ အဲဒီဖောက်ခွဲတိုက်ခိုက်မှုဟာ ဒီဇင်ဘာလ (၂၇) ရက်နေ့ က ပခုက္ကူအကျဉ်းထောင် စစ်ကြောရေး မှာ သတ်ဖြတ်ခံလိုက်ရတဲ့ ကိုမျိုးနိုင် အတွက် လက်တုန့်ပြန်တာလို့ Pakokku North PDF (PKU N PDF) က ထုတ်ပြန်ထားပါတယ်။ ပခုက္ကူမြို့၊ အမှတ်(၃)၊ ကွက်သစ်ရပ်ကွက် မှာ နေထိုင်တဲ့ ကိုမျိုးနိုင် ကို ဒီဇင်ဘာလ (၂၅) ရက်နေ့ က ပခုက္ကူမြို့နယ်…

read more

ရန်ကုန်၊ ဇန်နဝါရီလ (၈) တပ်မတေော် အနေနဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး နဲ့ ထာဝရငြိမ်းချမ်းရေး ထုတ်ပြန်ချက်ကို တိကျစွာ လိုက်နာပေမယ့် တပ်မတော် ရဲ့ လှုပ်ရှားမှု စစ်ကြောင်းတွေ နယ်မြေလုံခြုံရေး နဲ့ နယ်မြေစိုးမိုးရေးစခန်း တွေကို လာရောက်ထိခိုက်တဲ့အတွက် ထိရောက်ပြင်းထန်စွာ မိမိကိုယ်မိ ခုခံကာကွယ်ပိုင်ခွင့်၊ တုန်ပြန်ဖို့ အခွင့်အရေးကို အသုံးပြုခဲ့တာ ဖြစ်တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ က ပြောပါတယ်။ နယ်စပ်ဒေသတည်ငြိမ်ရေး နဲ့ လုံခြုံရေးအတွက် လိုအပ်တဲ့ လုံခြုံရေးလုပ်ငန်းတွေကို နေ့ညမပြတ် ဆောင်ရွက်နေပေမယ့် အကြမ်းဖက်အဖွဲ့တွေက လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အလစ်အငိုက်ရယူပြီး နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်တာ၊ မိုင်းဆွဲ တိုက်ခိုက်တာတွေ အပြင် အများပြည်သူသွားလာနေတဲ့ နယ်စပ်လမ်းတစ်လျှောက် အဖျက်အမှောက်လုပ်ရပ်တွေကိုပါ လုပ်ဆောင်နေကြတာ ဖြစ်တယ်လို့ သူတို့ က ဒီနေ့မှာ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။…

read more

ရန်ကုန်၊ ဇန်နဝါရီ (၈) ကရင်ပြည်နယ်၊ မြဝတီမြို့ ကနေ လေယာဉ်ဆီတွေ တင်လာတဲ့ စစ်ကောင်စီ ကားနှစ်စီးကို အာရှလမ်း ကျိုက်ဒုံလမ်းဆုံ အနီးမှာ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA က တိုက်ခိုက်တားဆီးလိုက်လို့ တစ်စီးမီးလောင် သွားခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ် ဆီက သိရပါတယ်။ “၆နာရီခွဲကနေ ည ၉နာရီလောက်အထိ ပစ်ခတ်မှုတွေ ဖြစ်တယ်။ ဒီညနေမှာ လေယာဉ်ဆီသယ်ပြီး ပြန်ဆင်းလာတဲ့ ကားနှစ်စီးကို လမ်းကြောင်းဖြတ်တောက်ဖို့ KNLA တပ်ဖွဲ့က သွားတိုက်တာ။ စစ်ကောင်စီက လူထုကို လေယာဉ် နဲ့ ပစ်ခတ်နေလို့ ဒါကို ဖြတ်ဖို့လုပ်တာ” လို့ KNU/KNLA နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ မနေ့ ညပိုင်းက အာရှလမ်း အတိုင်း မြဝတီမြို့ ကနေ ကော့ကရိတ်ဘက်ကို…

read more

ရန်ကုန်၊ ဇန်နဝါရီ (၇) ထိုင်းနိုင်ငံ – ကယားပြည်နယ် နယ်စပ် နန်းပန်ချောင်း အနီးမှာ ရှိတဲ့ စစ်ကောင်စီ ရဲ့ တပ်စခန်း ဖြစ်တဲ့ နတ်တောင်စခန်း ကို ဒီနေ့ မနက်ပိုင်းက သိမ်းပိုက်နိုင်ခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင် (၄) ဦးကိုလည်း အရှင်ဖမ်းမိခဲ့တယ်လို့ ကရင်နီတပ်မတော် KA က ပြောပါတယ်။ နတ်တောင်စခန်း သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်က အသေအပျောက်များခဲ့ပြီး စခန်းသိမ်းတိုက်ပွဲအပြီး နာရီဝက်အကြာမှာ စစ်ကောင်စီတပ်တွေက ရဟတ်ယာဉ် တွေ နဲ့ စစ်ကူ လာရောက် ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စစ်ကောင်စီတပ်ဖွဲ့က KA ရဲ့ ကာကင်းကုန်း တစ်ခုကို ဗုံးကျဲခဲ့ပေမယ့်လည်း ကရင်နီတပ်မတော်က တပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရရှိတာ မရှိခဲ့ဘူးလို့ ပြောပါတယ်။

read more

ရန်ကုန်၊ ဇန်နဝါရီ(၇) မန္တလေးတိုင်းဒေသကြီး၊ ချမ်း‌အေးသာစံမြို့နယ်၊ (၈၁)လမ်း၊ (၂၆) လမ်း နဲ့ ( ၂၇) လမ်းကြားမှာ ရှိတဲ့ စစ်တပ်ပိုင် မြဝတီဘဏ်မှာ ဒီနေ့မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့လို့ လူ (၃) ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။ “ဘဏ်ဖွင့်ပြီးသိပ်မကြာဘူး၊ ပေါက်ကွဲသံကြားရတော့တာပဲ၊ ဆိုင်ကယ် နဲ့လူနှစ်ယောက် လာပစ်တာလို့ကြားတယ်၊ လူ (၃) ယောက်ထိတယ်၊ ဘယ်အဖွဲ့က ပစ်တာလည်းတော့အသိဘူး” လို့ မန္တလေးမြို့ခံ တစ်ဦးက ပြောပါတယ်။ ပစ်ခတ်မှုကြောင့် ငွေလာထုတ်သူ တစ်ဦး နဲ့ ဘဏ်ဝန်ထမ်း (၂) ဦးထိခိုက်မိခဲ့တာဖြစ်ပါတယ်။ ဒီနေ့မနက်ပိုင်းမှာဘဲ မန္တလေးမြို့၊ (၇၃)လမ်း၊ (၁၀၇) လမ်း နဲ့ (၁၀၉) လမ်း ကြားမှာရှိတဲ့ MIIT ကျောင်း အရှေ့ဘက်နဲ့ ပုသိမ်ကြီးမြို့နယ်…

read more

ရန်ကုန်၊ ဇန်နဝါရီ (၇) အကြမ်းဖက်မှုတွေ ပြုလုပ်နေတဲ့ စစ်ခေါင်းဆောင်ကို လူ့အသိုက်အဝိုင်းက ဖယ်ကျဉ်ထားတဲ့အတွက့် ကမ္ဘောဒီးယား ဝန်ကြီးချုပ် အနေနဲ့ စစ်ခေါင်းဆောင် နဲ့ တွေ့ဆုံမှုဟာ မြန်မာနိုင်ငံက ပြည်သူလူထုအတွက် အကျိုးတစ်စုံတစ်ရာ မရှိနိုင်ဘူးလို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ပြောပါတယ်။ မြန်မာ့အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရဲ့ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN ခေါင်းဆောင်ဟာ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ နဲ့ အတူ မြန်မာနိုင်ငံကို ဒီနေ့ ဇန်နဝါရီ (၇) ရက်နေ့မှာ နေပြည်တော်ကို ရောက်ရှိခဲပြီး မြန်မာနိုင်ငံမှာ နှစ်ရက်ကြာ နေထိုင်သွားမှာဖြစ်ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်တွေကို အာဆီယံအဖွဲ့ရဲ့…

read more