ရန်ကုန်၊ ဒီဇင်ဘာ (၃၁) စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ မိုးကောင်းစစ်ဆေးရေးဂိတ် မှာ ဒီနေ့ နေ့လည်(၂) နာရီကျော်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။ ဗုံးဖောက်ခွဲမှုကို မုံရွာမြို့နယ်က ညီနောင်အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တခြားသောနေရာတွေမှာလည်း ဗုံးဖောက်ခွဲမှုတွေ ဆက်လက်လုပ်ဆောင်မှာဖြစ်တဲ့အတွက် မိဘပြည်သူတွေအနေနဲ့ ညနေ (၄) နာရီနောက်ပိုင်း အပြင်မထွက်ကြဖို့ Monywa Heroes Group က သတိပေး ပြောကြားထားပါတယ်။ ဒီနေ့ နေ့လည်ပိုင်းကလည်း မုံရွာမြို့နယ်က မြန်မာ့စီးပွားရေးဘဏ် နဲ့ မြို့တော်ခန်းမ စစ်ကောင်စီကင်းတဲစခန်း တွေမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါသေးတယ်။

read more

ရန်ကုန်၊ ဒီဇင်ဘာ (၃၁) စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်က မြန်မာ့စီးပွားရေးဘဏ် နဲ့ မြို့တော်ခန်းမ စစ်ကောင်စီကင်းတဲစခန်း တွေမှာ ဒီနေ့ နေ့လည်ပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။ အဲ့ဒီဗုံးဖောက်ခွဲမှု နှစ်ကြိမ်စလုံးကို ညီတော်မဟာမိတ်အဖွဲ့တွေက ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ကျဆုံးသူအရေအတွက်ကို မသိရှိရသေးဘူးလို့ Special Regional Attacks Forces-MWA က သူရဲ့ လူမှုကွန်ယက်မှာရေးသားထားပါတယ်။ မုံရွာမြို့က ပြည်သူတွေအနေနဲ့ ဒီနေ့ ညနေ (၄) နာရီက စတင်ပြီး အပြင်မထွက်ဖို့ကိုလည်း Special Regional Attacks Forces-MWA အဖွဲ့က ဒီနေ့ မနက်ပိုင်းက အသိပေးပြောကြားထားပါသေးတယ်။

read more

ရန်ကုန်၊ ဒီဇင်ဘာ (၃၁) ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံ အနီး စီးတီးမတ် ရှေ့မှာ ကင်းစောင့်နေတဲ့ စစ်ကောင်စီ ဘက်တော်သား (၄) ဦး ဒီနေ့ နေ့လည်က ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ “သမိုင်းလမ်းဆုံမီးပွိုင့် City Mart အရှေ့မှာ ဖြစ်သွားတာ၊ ကျနော်စီးလာတဲ့ YBS လိုင်းကားကို သေနတ်နဲ့ လှမ်းပစ်တာခံလိုက်ရတယ်။ ကားကမီးပွိုင့်ထိပ်မှာ ရောက်နေတဲ့အချိန် သူ့တို့ဆီလာ ပစ်တဲ့သူကို လှမ်းပစ်တာ။ သေနတ်အရာ၂ချက်ထိတယ်၊ YBS ကားမှန်စတွေ ကွဲထွက် သွားတယ်၊ ကျွန်တော် အပါအဝင်ကားပေါ်က လူတွေ အားလုံးလန့်သွားကြတယ်” လို့ ကိုယ်တိုင်ကြုံခဲ့ရသူတစ်ဦးက ပြောပြပါတယ်။ လက်ရှိမှာ ပစ်ခတ်ကြောင့် လမ်းသွားလမ်းလာကားတွေကို ပိတ်ဆို့စစ်ဆေးနေတယ်လို့ သိရပါတယ်။

read more

ရန်ကုန်၊ ဒီဇင်ဘာ(၃၀) ဗကသများအဖွဲ့ချုပ်ရဲ့ ဒုဥက္ကဌ ကိုဝေယံဖြိုးမိုးကို အကြမ်းဖက်စစ်ကောင်စီအဖွဲ့က ထောင်ဒဏ် (၂) နှစ်ချမှတ်ခဲ့ပြီးနောက် ထောင်ဝန်ထမ်းတချို့နဲ့ နှစ်ကြီးအကျည်းသားတွေက အကြမ်းဖက်နှိပ်စက်ခဲ့တယ်လို့ ဗကသများအဖွဲ့ချုပ်ဆီက သိရပါတယ်။ ဗကသများအဖွဲ့ချုပ် ဒုဥက္ကဌ ကိုဝေယံဖြိုးမိုး ကို ပုံ‌စံခန်းကိုခေါ်ဆောင်ပြီး သပြေဆောင်မှူးက ဖိနပ်နဲ့ ပါးရိုက်ခဲ့ပြီး အကျဉ်းသား (၅) ‌ယောက်က (၂) ကြော့ပြန်ကာ ထိုးကြိတ်ရိုက်နှက် နှိပ်စက်ခဲ့လို့ ကိုဝေယံဖြိုးမိုး ရဲ့ လည်ပင်းမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပြီး နံရိုးတွေကျိုးခဲ့တယ်လို့ All Burma Federation of Student Unions က ပြောပါတယ်။ ကိုဝေယံဖြိုးမိုး ဟာ အသက်အန္တရာယ်အထိ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပေမယ့် ထောင်အာဏာပိုင်တွေက အခုချိန်အထိ ဆေးဝါးကုသမှု မပေးခဲ့ဘူးလို့ သိရပါတယ်။ ဗကသများအဖွဲ့ချုပ်…

read more

ရန်ကုန်၊ ဒီဇင်ဘာ(၃၀) ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးကွဲတွေဖြစ်တဲ့ ဒယ်လ်တာ (Delta) နဲ့ အိုမီခရွန် (Omicron) တို့ဟာ တစ်ပြိုင်နက်တည်း ပျံနှံနေပြီး “ကူးစက်မှု ဆူနာမီလှိုင်းလုံးကြီး” တစ်ခုကို ဖန်တီးနေတယ် လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ် တက်ဒရို အဒ်ဟမ်နို ဂတ်ဘရေဆက် (Tedros Adhanom Ghebreyesus) က ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ “ဒယ်လ်တာရော အိုမီခရွန်ရော နှစ်ခုလုံးဟာ ရောဂါကူးစက်မှုတွေကို စံချိန်တင်မြင့်တက်သွားအောင်လုပ်ပြီး ပူးတွဲ ခြိမ်းခြောက်နေတယ်။ နောက်ပြီးဆေးရုံတင်ကုသရမှုတွေ၊ သေဆုံးမှုတွေ တိုးလာအောင်လဲ ဝိုင်းပြီးထိုးနှက်နေကြပါတယ်။ အိုမီခရွန် ဆိုရင် ဒယ်တာလိုပဲ အလွန် လျင်မြန်စွာ ကူးစက်ပြီး ပျံ့နှံနိုင်လို့၊ ရောဂါကူးစက်မှုတွေဟာ ဆူနာမီလှိုင်းလုံးကြီးလို ဖြစ်သွားမှာကို ကျွန်တော် အရမ်းစိုးရိမ်မိပါတယ်” လို့ တက်ဒရိုက…

read more

ရန်ကုန်၊ ဒီဇင်ဘာ (၂၉) ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ် မှာရှိတဲ့ ရွာမရဲစခန်းကို ဒီနေ့မနက် (၅) နာရီခွဲက ဗုံးသီးနဲ့ပစ်ပြီး တိုက်ခိုက်ခဲ့တယ်လို့ Yangon Federal Army (YFA) က ထုတ်ပြန်ထားပါတယ်။ 79 40 mm ဗုံးသီး (၂) လုံးပစ်ခတ်ဖို့ စီစဉ်ထားပေမယ့်အကြောင်းအမျိုးမျိုးကြောင့် တစ်လုံးသာ ပစ်ခတ်နိုင်ခဲ့တယ်လို့ သူတို့က ပြောပါတယ်။ “ပစ်ခံရတယ်လို့တော့ ကြားတယ်။ အင်းစိန်ထောင်နားမှာပဲ။ ဘယ်လောက်ထိခိုက်တယ် ဆိုတာတော့ မသိဘူး။အဲနားမှာက ဘောလုံးကွင်းလည်းရှိတယ်။အဲ့ဒီနေရာကျရင်တော့ ထိမှာမဟုတ်ဘူး။ စခန်းပတ်ပတ်လည်လောက်ကျရင်တော့ ထိမှာဟုတ်တယ်။ အဲ့ဒီနေရာမှာ ရဲဝန်ထမ်းလိုင်းခန်း၊ CID ကလိုင်းခန်း၊ ထောင်ဝန်ထမ်းလိုင်းခန်းတွေအများကြီးပဲ ရဲနယ်မြေလို့ပြောလို့ရတယ်။” လို့ အင်းစိန်မြို့မှာ နေထိုင်သူအမျိုးသား တစ်ဦးက ပြောပါတယ်။ အဲ့ဒီစစ်ဆင်ရေးဟာ ရန်ကုန်တိုင်း စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ ရဲ့ ပျံလွှားအောင်…

read more

ရန်ကုန်၊ ဒီဇင်ဘာ(၂၉) PDF တွေဟာ (၇) လလောက်ပဲလေ့ကျင့်ချိန်ရခဲ့တာတောင် တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ကူညီပံ့ပိုးမှု၊ ပူးပေါင်း ဆောင်ရွက်မှုတွေနဲ့ နှစ် (၇၀) သက်တမ်းရှိတဲ့ အကြမ်းဖက်စစ်ကောင်စီ နဲ့ ယှဉ်ပြိုင်တိုက်ခိုက်နိုင်အောင် စွမ်းရည်တိုးတက်လာတာ နေ့စဉ်အကြမ်းဖက် စစ်ကောင်စီတွေရဲ့ ကျဆုံးစာရင်းကိုကြည့်ရင်သိနိုင်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ပြောဆိုလိုက်ပါတယ်။ တော်လှန်ရေးကာလမို့ အရင် ဒီမိုကရေစီ ခေတ်အစိုးရလို လုပ်တာကိုင်တာမှန်သမျှ ပွင့်လင်းမြင်သာစွာချပြလို့ မရတဲ့အခြေအနေမျိုးမှာရှိနေပြီး စစ်ရေးကဏ္ဍတွေဆို လျှို့ဝှက်စွာလုပ်ဆောင်ရမယ့် ကဏ္ဍတွေဖြစ်သလို chain of command ကလည်း အင်မတန်အရေးကြီးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့ အစည်းအဝေးမှာ သူက အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတကာ အနေနဲ့လည်း အကြမ်းဖက်စစ်ကောင်စီ ရဲ့ အပြစ်မဲ့ပြည်သူတွေကို အခုလို ရက်စက်ကြမ်းကြုတ်မှုတွေ ပြုလုပ်နေတဲ့အပေါ် ဒီထက်ပိုမို ထိထိရောက်ရောက်…

read more

ရန်ကုန်၊ ဒီဇင်ဘာ (၂၉) မိမိကိုယ်မိမိခုခံကာကွယ်ဖို့အတွက် တပ်မတော်အနေနဲ့ အကန့်အသတ် အနည်းဆုံးအင်းအားကို အသုံးပြုပြီး ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ် ဘက်က ကရင်အမျိုးသားအစည်းအရုံး KNU ၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ PDF အဖွဲ့တွေကို အခုလ ဒီဇင်ဘာ (၁၅) ရက်နေ့က စတင်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီက ပြောဆိုလိုက်ပါတယ်။ “တပ်မတော်အနေနဲ့ ထုတ်ပြန်ထားတဲ့ Rule of Engagement အတိုင်း ROE နဲ့ အညီ လိုအပ်တဲ့ အင်အား ထပ်မံဖြည့်ဆည်းကာ လေကြောင်း ပစ်ကူနဲ့ ရန်သူပစ်မှတ်၊ စခန်းတွေကို ချေမှုန်းတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပေါင်း (၂၅) ကြိမ်ဖြစ်ပွားခဲ့တယ်” လို့ သူတို့က ပြောပါတယ်။ ထီးမယ်ခါခီး၊ မယ်ထော်သလေး၊ အင်ကြင်းမြိုင်၊ မင်းလက်ပံ နဲ့…

read more

ရန်ကုန်၊ ဒီဇင်ဘာ (၂၉) မြန်မာစစ်တပ်အနေနဲ့ ပြည်သူလူထုအပေါ် အကြမ်းမှုကျူးလွန်ပြီး ပြစ်ဒဏ်ကနေ ကင်းလွတ်နေတဲ့ အစဉ်အလာကို အဆုံးသတ်ဖို့ လိုအပ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန် က ဒီနေ့မှာ ပြောကြားပါတယ်။ “မြန်မာပြည်သူတွေ အပေါ် စစ်တပ်ရဲ့ ကျယ်ကျယ် ပြန့် ပြန့် ကြမ်းကြုတ်ရက်စက်တဲ့ လုပ်ရပ်တွေဟာ စစ်တပ်တာဝန်ရှိသူတွေကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေပြီး စစ်တပ်အနေနဲ့ ပြစ်ဒဏ်ခံရတာကနေ ကင်းလွတ်နေတဲ့ အစဉ်အလာကို အမြန် အဆုံးသတ်ဖို့ လိုအပ်နေတယ်ဆိုတာ မီးမောင်းထိုးပြနေပါတယ်” လို့ သူက ပြောပါတယ်။ ကယားပြည်နယ် နဲ့ ကရင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းလုံးနီးပါး စစ်အာဏာရှင်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်အပေါ် မိမိတို့အနေနဲ့ စိုးရိမ်မိပါတယ်လို့ အန်တိုနီ ဂျေ ဘလင်ကန် ပြောကြားပါတယ်။ ကယားပြည်နယ်မှာ ဒီဇင်ဘာလ…

read more

ရန်ကုန်၊ ဒီဇင်ဘာ(၂၈) ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ (၁၁၇) ရပ်ကွက်၊ ကျန်စစ်သားလမ်းမပေါ်က ရထားသံလမ်း အကူးအနီး မှာ ဒီနေ့မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ရွှေတိဂုံဘုရား တောင်ဘက်မုဒ် နဲ့ ထန်းတပင်-လှိုင်သာယာလမ်းဘေး တွေမှာ မပေါက်ကွဲသေးတဲ့ ဗုံးတွေ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။ “(၁၁၇)ရပ်ကွက် ရထားလမ်းကူး ရထားဇလီဗာတုံးတွေကြားမှာ ပေါက်တာ၊ လူထိတာတော့မရှိသလို သံလမ်းလည်းမပျက်စီးဘူး၊ စစ်ခွေးတွေတော့ လာစစ်သွားတယ်” လို့ ဒဂုံမြို့သစ်အရှေ့ပိုင်းမှာနေထိုင်တဲ့ အမည်မဖော်လိုသူက ပြောပါတယ်။ ဒီနေ့နေ့လည် (၁) နာရီဝန်းကျင်က ရွှေတိဂုံဘုရားတောင်ဘက်မုခ်၊ ကျောက်စိမ်းဓမ္မာရုံ နဲ့ ယစ်မျိုးဓမ္မာရုံကြားမှာ မသင်္ကာဖွယ် အထုပ်တွေ့လို့ စစ်ကောင်စီအဖွဲ့က လာရောက်ရှင်းလင်းခဲ့ပါတယ်။ ဒီနေ့မနက်ပိုင်းမှာဘဲ ထန်းတပင်-လှိုင်သာယာလမ်းဘေးမှာ မသင်္ကာဖွယ်ရာ ပစ္စည်းတစ်ခုကို တွေ့ရှိရတဲ့အတွက် စစ်ကောင်စီအဖွဲ့က လာရောက်ရှင်းလင်းချိန် အဲ့ဒီအထုပ်အတွင်း ဘောစေ့တွေ၊ လက်လုပ်ယမ်းတွေပါရှိတဲ့…

read more