စစ်ကိုင်းက အုပ်ကြီး သေနတ်ပစ်ခံရလို့ သေဆုံး ရန်ကုန်၊ ဒီဇင်ဘာ (၂၁) စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကြီးစံပြကျေးရွာ မှာ နေထိုင်တဲ့ သတင်းပေးဒလန်လို့ အုပ်ချုပ်ရေးမှူး လှိုင်လှိုင်ဝင်း သေနတ်ပစ်ခံရလို့ သေဆုံးသွားပြီ ဖြစ်တယ်လို့ သိရပါတယ်။ မြင်းမူအနက်ရောင် သိမ်းဌက်အဖွဲ့ နဲ့ Sagaing Special Attacking Force (SSAF) အဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ (၁၉) ရက် ည (၇) နာရီမှာ အုပ်ချုပ်ရေးမှူး လှိုင်လှိုင်ဝင်း ကို သေနတ်နဲ့ ပစ်ခတ်ပြီး ရှင်းလင်းလိုက်တာ ဖြစ်ပါတယ်။ လှိုင်လှိုင်ဝင်းဟာ အရင်က အပြစ်မဲ့ပြည်သူနှစ်ဦး ဗြောက်အိုးဖောက်တာကို PDF အဖွဲ့ဝင်တွေလို့ စွပ်စွဲပြီး စစ်ကောင်စီတွေကို သတင်းပေးဖမ်းခိုင်းခဲ့တာမျိုးတွေလည်း ရှိတယ်ခဲ့တယ်လို့ မြင်းမူအနက်ရောင် သိမ်းဌက်အဖွဲ့ က…

read more

ရန်ကုန်၊ ဒီဇင်ဘာ(၂၀) ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (စ) ရပ်ကွက် က ကျောင်းဆရာမတစ်ဦးကို ဒီနေ့မနက်ပိုင်းမှာ အမည်မသိသူတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ သေဆုံးသွားပြီ ဖြစ်တယ်လို့ ဒေသခံပြည်သူတွေဆီ က သိရပါတယ်။ “အပစ်ခံရတဲ့ ဆရာမက ဒေါ်နီလာရွှေ တဲ့၊ အငြိမ်းစားယူထားတာ၊ မနက်ဈေးသွားနေတုန်း အနောက်ကနေပစ်သွားတာ။ ကျည်ဆံတော်တော်ထိသွားတယ်ကြားတယ်၊ ဆေးရုံကိုပို့နေတုန်းလမ်းမှာ သေသွားပြီ” လို့ မြောက်ဥက္ကလာပမြို့နယ်မှာ နေထိုင်တဲ့ အမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ(၅) ရက်နေ့ကလည်း ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်က အထက (၂) ကျောင်းကိုသွားဖို့ အငှားယာဉ်တက္ကစီနဲ့ ထွက်လာတဲ့ အထက်တန်းပြဆရာမ ဒေါ်လှလှသန်း ကို မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းမကြီးပေါ် သုဓမ္မာလမ်း နဲ့ နွယ်နီလမ်းထောင့်မှာ မီးပွိုင့်မိနေချိန် အမည်မသိသူတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ သေဆုံးသွားခဲ့ပါသေးတယ်။

read more

ရန်ကုန်၊ ဒီဇင်ဘာ(၂၀) စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းမှာ ဒီဇင်ဘာ(၁၈) ရက်နေ့က အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေရဲ့ တိုက်ပွဲမှာ အာဠာဝက ပြောက်ကျားတပ်ဖွဲ့က တပ်သား (၁) ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်တွေက ရေကြောင်း၊ ကုန်းကြောင်းကတဆင့် လက်နက်ကြီးပစ်ကူတွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပြန်လည်ဆုတ်ခွာချိန် တပ်သား မင်းခန့်ကျော် ကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးရမိပြီး အနီးကပ်ပစ်သတ်ခဲ့တာဖြစ်တယ်လို့ အာဠာဝက ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ ကျဆုံးသွားတဲ့ ရဲဘော် မင်းခန့်ကျော် ဟာ အသက်(၁၈) နှစ် မပြည့်သေးသူတစ်ဦးဖြစ်ပြီး မနေ့က ဒီဇင်ဘာ(၁၉) ရက်နေ့မှာ ဈာပနကျင်းပပြုလုပ်ပေးခဲ့တာဖြစ်တယ်လို့ အာဠာဝက ပြောက်ကျားတပ်ဖွဲ့ ဆီကသိရပါတယ်။

read more

ရန်ကုန်၊ ဒီဇင်ဘာ (၁၉) ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့၊ မေတ္တာလင်းမြိုင်နဲ့ မယ့်ထော်သလေးကြား (၅) ရက်မြောက်နေ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်ခွဲမှူး (၂) ဦး၊ ဒုတပ်ခွဲမှူး (၂) ဦးနဲ့ စုစုပေါင်းသေဆုံးသူ (၅၀) ဦး နီးပါးရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ PVT က အတည်ပြုရေးသားထားပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီအဖွဲ့ဘက်က ၆၀ မမ (၁) လက်၊ ပစ္စတို (၄) လက်၊ စနိုက်ပါ (၁) လက် ၊ MK1 (၃) လက်၊ MK2 (၃) လက် စုစုပေါင်း (၁၂) လက်၊ လက်ပစ်ဗုံး၊ ကျည်ကပ်တချို့ နဲ့ ကျည်ဆန်တွေ သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။…

read more

ရန်ကုန်၊ ဒီဇင်ဘာ (၁၉) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ဘေးရှောင် ပြည်သူတွေအတွက် ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေက ဒီနေ့မှာ ကိုရီးယားနိုင်ငံ၊ ဂင်ဖိုမြို့၊ လမ်းမပေါ်မှာ အလှူခံထွက်ခဲ့ကြတယ်လို့ ကိုရီးယား Gimpo မြန်မာအလုပ်သမားများအဖွဲ့က ပြောပါတယ်။ “အရမ်းအေးတဲ့ ရာသီဥတုကြားမှာ လာရောက်ပါဝင်ပေးကြတဲ့ ညီအကိုတွေရောအလှူငွေထည့်ပေးကြတဲ့ သူတစ်ယောက်ချင်းစီရော အရမ်းကိုပဲ ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ” လို့ သူတို့ရဲ့ လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။ စစ်ဘေးရှောင်ပြည်သူတွေအတွက် ဒီနေ့မှာ အလှူငွေ စုစုပေါင်း 700000 ဝမ် လက်ခံရှိခဲ့တယ်လို့ သိရပါတယ်။ “အမိမြေရဲ့တိုက်ပွဲတွေကြားက ပြည်သူ့စစ်သည်တော်တွေနဲ့စစ်ဘေးသင့် ပြည်သူတွေအတွက် ကျွန်တော်တို့ဒီထက်မက ကြိုးစာရဦးမှာဖြစ်တယ်” လို့ သူတို့က ပြောပါတယ်။ ကိုရီးယား Gimpo မြန်မာအလုပ်သမားများအဖွဲ့ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ပြုလုပ်နေသလို မြန်မာနိုင်ငံက ပြည်သူတွေအတွက် ကိုရီးယားနိုင်ငံက…

read more

ရန်ကုန်၊ ဒီဇင်ဘာ(၁၉) နယ်မြေကျူးကျော်ဝင်ရောက်ခဲ့တဲ့ စစ်ကောင်စီအကြမ်းဖက်တပ်နဲ့ KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တွေကြား (၅) ရက်မြောက် တိုက်ပွဲပြင်းထန်နေပြီး မေတ္တာလင်းမြိုင် နဲ့ မယ့်ထော်သလေးကြား တိုက်ပွဲတွေမှာ စစ်ကောင်စီအဖွဲ့ဝင်တွေ တချို့သေဆုံးခဲ့ပြီး စစ်လက်နက်တချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ဒေသခံသတင်းတွေဖော်ပြချက်အရ သိရပါတယ်။ “မနက်ကတည်းက စစ်တပ်ကလက်နက်ကြီးတွေနဲ့ ပစ်နေတာ၊ လက်နက်ကြီးတွေ ဖောဖာသီသီသုံးပြီး ပစ်နေပေမယ့်၊ သူတို့ဘက်အသေအပျောက်ရှိတယ်၊ စစ်ကူးလမ်းကြောင်းတွေကိုလည်း ဖြတ်တောက်တိုက်ခိုက်တာတွေလုပ်ထားတယ်၊ ပိတ်မိနေတဲ့လူတွေကို ကယ်ထုတ်ဖို့ လုပ်နေတယ်” လို့ KNLA တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီဘက်က ၆၀ မမ (၁) လက် ၊ MA1 (၄) လက်၊ Sniper (၂) လက်၊ ပစ္စတို (၂) လက် စုစုပေါင်း လက်နက် (၉) လက်သိမ်းဆည်းထားပြီလို့…

read more

ရန်ကုန်၊ ဒီဇင်ဘာ (၁၉) မြန်မာတစ်နိုင်ငံလုံးမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မနေ့က တစ်ရက်ထဲ စစ်ကောင်စီဘက်က သေဆုံးသူ (၅၆) ဦး နဲ့ ထိခိုက်ဒဏ်ရာရှိသူ (၁၉) ဦး ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန က သိရပါတယ်။ မနေ့က စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီး တွေမှာ တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်ကနေ အပြီးတိုင်ချုပ်ငြိမ်းရေး နဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြနေကြတဲ့ လူထုသပိတ်တိုက်ပွဲတွေက အခုလို တိုင်းဒေသကြီး အသီးသီးမှာ ဖြစ်ပွားနေတာ ဖြစ်တယ်လို့ NUG ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန က ဒီနေ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး)…

read more

ရန်ကုန်၊ဒီဇင်ဘာ(၁၉) ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၉)ရပ်ကွက်၊ မဟာမြိုင်လမ်း နဲ့ ဗန္ဓုလလမ်းထောင့် အနီးမှာ အမျိုးသားတစ်ဦးကို အမည်မသိသူတွေက ဒီနေ့မနက်ပိုင်းမှာ သေနတ်နဲ့ပစ်ခတ်ခဲလို့ နေရာမှာတင် သေဆုံးခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။ “အပစ်ခံရတဲ့ လူနာမည်က ဝင်းနိုင် တဲ့၊ ဈေးကပြန်လာတုန်း အနောက်က ကားပေါ်မှာ ပါလာတဲ့လူတွေက ပစ်သွားတာ၊ လေးငါးချက်လောက်ရှိတယ်၊ ပွဲချင်းပြီးသေတယ်၊ ဘာကြောင့်ပစ်လဲဆိုတာတော့ မသိဘူး” လို့ဒေသခံတစ်ဦးကပြောပါတယ်။ စစ်အာဏာရှင်ကို ခုခံတော်လှန်နေတဲ့ တော်လှန်ရေးအင်အားစု တွေက စစ်တပ်ရဲ့သြဇာခံ သတင်းပေးဒလန်တွေကို ပစ်ခတ်ရှင်းလင်တာတွေရှိနေသလို စစ်တပ်လက်ကိုင်တုတ် ပျူစောထီးအဖွဲ့ဝင်တွေဆိုသူတွေကလည်း ပစ်ခတ်လုပ်ကြံတာတွေလည်း ရှိနေပါတယ်။ ဒီနေ့မနက်ပိုင်းမှာ ရွှေပြည်သာမြို့နယ်က ဦးဝင်းနိုင် ပစ်ခတ်ခံရတာနဲ့ ပတ်သက်လို့ C8News Media အနေနဲ့ ဘာကြောင့်ပစ်ခတ်ဆိုတာနဲ့ ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

read more

ရန်ကုန်၊ ဒီဇင်ဘာ (၁၉) မြန်မာနိုင်ငံအတွင်း တည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံရေး ပုံမှန်အခြေအနေကို အမြန်ဆုံး ပြန်လည်ရောက်ရှိဖို့အတွက် တာဝန်ရှိပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အဆင့်ဆင့်ပြန်လည်ဖွဲ့စည်းရေး ဆိုင်ရာကိစ္စရပ်နဲ့ ပတ်သက်ပြီး မနေ့က ပြုလုပ်ခဲ့တဲ့ ပါတီတွင်း အစည်းအဝေးပွဲမှာ ဥက္ကဋ္ဌက အခုလိုပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ပါတီစုံဒီမိုကရေစီ နိုင်ငံရေးကို အကြမ်းဖက်မှု၊ ရက်စက်မှု၊ ခြိမ်းခြောက်အကြပ်ကိုင်မှုတွေကို ဥပဒေပြင်ပကနေ ဆောင်ရွက်နေတာတွေ ထာဝရချုပ်ငြိမ်းစေဖို့နဲ့ လူတစ်ဦးချင်းဆီ လုံခြုံရေးအသိ လုံခြုံရေးသတိ အမြင့်ဆုံးထားရှိရမယ်လို့ သူက ပြောကြားခဲ့ပါသေးတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဋ္ဌေးက ပြီးခဲ့တဲ့ ဒီဇင်ဘာ (၁၇) ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီရဲ့ (၆) ကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေးကို…

read more

ရန်ကုန်၊ ဒီဇင်ဘာ (၁၈) ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့တိုက်ပွဲအတွင်းမှာ ထိခိုက်ဒဏ်ရာရရှိတဲ့ ဒေသခံပြည်သူ (၅) ဦး ထိုင်းနိုင်ငံ မဲဆောက်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတယ်လို့ ကရင်အမျိုးသားမီဒီယာက အတည်ပြုရေးသားထားပါတယ်။ အခုချိန်ထိ လေးကေ့ကော်မြို့ဘက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ နယ်ခြားစောင့်တပ် (BGF) နဲ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ (၁)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

read more